Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင် (၉၁၈)ဒေါ်လာနှုန်းဖြင့်(၇၉၅) တန်၊ တန်ဖိုး (၀.၇၃၀) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်း နိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၀၄) ဒေါ်လာနှုန်းဖြင့်(၂၇) တန် ၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း အားကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့လည်းကောင်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၇၇၈)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။မြိတ်ကုန်သွယ် ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၁၉)ရက်နေ့ အတွင်းဓာတ်ဆီ တစ်တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့်(၁၁၀၀) တန် ၊ တန်ဖိုး (၁.၀၀၀) ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း(၅၂၉.၆၁၀ ၄) တန် ၊ ၃၀၇၉၇ U၊ ၆၆၅၄၆.၁၈ M2 ၊ တန်ဖိုး (၀.၃၃၉) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန် တန်ဖိုး(၁.၃၃၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသ တွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News