International News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်း မြို့တော်ဝန်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ

Last Updated:

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် လင်ချန်းမြို့ ဘူတာရုံတွင် တရုတ် - မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေးနှင့် အနာဂတ် စီမံကိန်းများအား လင်ချန်းမြို့၊ ဒုတိယမြို့တော်ဝန် Mr. Zhao Zijie က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၁:၀၀) နာရီ အချိန်တွင် Lintong Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြူနီစပယ် ကော်မတီအတွင်း ရေးမှူး၊ Mr. Zhang Zhizheng နှင့် လင်ချန်းမြို့တော်ဝန်၊ Mr. Du Jianhui အပါအဝင် တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များအဆင့်မြှင့် တင်ခြင်းဆိုင်ရာ ကိစ္စရပ်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် လင်ချန်းမြို့ပြ စီမံကိန်း ပြတိုက်နှင့် ဝမ်ယောင်ကျေးရွာရှိ၊ ကြွေထည်မြေထည်ထုတ်လုပ်သည့်လုပ်ငန်းတို့သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူ များက အသေးစိတ် လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm
 

Category: International News