Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၅-၅-၂၀၂၃ မှ ၁၉-၅-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်း

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

       ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၂၂၄၅၀၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၄၈၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကျပ် ၂၅၇၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၃၀၀၀၀ ဈေးမြင့်တက်ခဲ့ပြီး မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၃၄၀၀၀ နှင့် Red/RC (2022 Crop) ကျပ် ၁၀၀၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၇၅ လုံး ( တန်ချိန် ၁၈၀၀) နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၅ လုံး ( တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၆၅ လုံး ( တန်ချိန် ၁၅၆၀) နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး ( တန်ချိန် ၃၆၀ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၀ လုံး ( တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

ငရုတ်

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၁၅၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မိုးထောင်( ဒီမွန်) ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၅၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မိုးထောင်( ဒီမွန်) ကျပ် ၁၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်ဈေးများငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၈၀၀၀(၁၆၀၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၇၀၀ (၁၀၅၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၅၀၀( ၅၀၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည် အိတ်ပေါင်း ၅၅၀၀ ( ၁၁၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပုမှာဝင်ရောက်မှု မရှိကြောင်းသိရသည်။

မန်ကျည်း

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၅၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၆၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ဈေးများငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောထန်းလျက်၊ကြံသကာနှင့်သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၁၆၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၀၀၀၊ ပခုက္ကူကြမ်းကျပ် ၂၈၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၆၀၀၊ ကြံသကာ(စစ်) ကျပ် ၂၈၅၀ နှင့် သကြား( ပြည်တွင်း)ကျပ် ၃၂၂၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ်  ၅၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၁၀၀၊ ကြံသကာ(စစ်) ကျပ် ၅၀ နှင့် သကြား ( ပြည်တွင်း ) ကျပ် ၁၃၀ ဈေးမြင့်တက်ခဲ့ပြီး ပခုက္ကူကြမ်း မှာ ကျပ် ၅၀ ဈေးကျဆင်းခဲ့ ကြောင်းသိရသည်။

                                                               

                                                                                                                                                                                                                            SSMaw (Domestic (Ygn) MITC

Category: Local News