Local News

၁၂.၅.၂၀၂၃ မှ ၁၉.၅.၂၀၂၃ရက်နေ့ထိဈေးကွက်သုံးသပ်ချက်

Last Updated:
မတ်ပဲ
       မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ဈေးကွက်အတွင်းဈေးတွေ မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ အများကြီးမရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။ မုန်တိုင်းနောက်ဆက်တွဲကြောင့် ပျက်စီးမှုတွေ ရှိခဲ့ပြီးသယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုတွေကြောင့် ပြည်တွင်းဈေးတက်နေတာ ဖြစ်ပေမယ့် ပြည်ပ FOB ပေါက်ဈေးနှုန်းကတော့ ငြိမ်နေပါတယ်။ အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချရာမှာလည်း ကုန်သည်တွေက ဈေးအတက်ကိုစောင့်ပြီး လှောင်နေတာတွေ ရှိနေလို့ ဈေးတည်ငြိမ်ဖို့အတွက် နှစ်နိုင်ငံအစိုးရချင်းတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုန်သွယ်ရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။
       ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၂၇၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၈၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင်တစ်အိတ်ကို ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြားနယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ မုံရွာ၊ ပြည်တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ေလာက်ဈေးမြင့်တက်လာပါတယ်။
 
ပဲစင်းငုံနီ
     ပဲစင်းငုံနီကတော့ဆက်တိုက်ဈေးမြင့်တက်နေပြီး တစ်တန်ကို သိန်း ၃၀ ထိ ရောက်နိုင်မလားဆိုတာ စောင့်ကြည့်နေရတဲ့အ ခြေအနေဖြစ်နေပါတယ်။ တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၂ သိန်းနီးပါး မြင့်တက် လာခဲ့တာပါ။ လက်ရှိပြည်တွင်းမှာ ဈေးမြင့်တက်နေပေမယ့် ရောင်းစရာပစ္စည်းလက်ကျန်မရှိဘူးလို့ နယ်ကုန်စည်ဒိုင်တွေထံကနေ သိရပါတယ်။ ပဲစင်းငုံနီဈေးမြင့်တက်တာဟာ အိန္ဒိယနိုင်ငံရဲ့လိုအပ်ချက်ကြောင့်အပြင် ပြည်တွင်းပဲ အထွက်နှုန်းလျော့နည်းတာတွေကြောင့်လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ပဲစင်းငုံနီ လိုအပ်ချက်မြင့်မားနေမှုနဲ့အတူ ပဲဈေးကွက်ကို ထိန်းချုပ်ရန်ကြိုးပမ်းနေပေမယ့်လည်း လက်ရှိအချိန်ထိ ပဲဈေးက မြင့်တက်နေဆဲ အနေအထား မှာ ရှိနေပါတယ်။
      ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၇ သိန်းနီးပါးထိ ရောက်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊ အောင်လံဈေးကွက်၊ မုံရွာဈေးနဲ့ ပြည်ဈေးကွက်တို့မှာ ပဲစင်းငုံနီ တစ်တင်းကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
 
ပဲတီစိမ်း
        ပဲတီစိမ်းကတော့ လတ်တလော ဈေးကွက်ထဲကို အဝင်နည်းပြီး ဈေးကလည်းအနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။ အခြားပို့ကုန်ပဲတွေ ဈေးမြင့်တက်နေတဲ့အတွက် အနည်းငယ်ဈေးမြင့်တက်နေပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်၊ပဲခူးရွှေဝါက တစ်ပိဿာကို ၃၆၃၀ ကျပ်နဲ့ဈေးငြိမ်ပါတယ်? ဝါးခယ်မ ကတော့ တစ်ပိဿာကို ၂၃၃၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း အထက်စတွေဖြစ်တဲ့ ရွှေဝါတို့က အရောင်းအဝယ်မရှိပဲ ပဲတီစိမ်း အညာက တစ်အိတ်ကို ၁၉၀၀၀၀ က နေ ၁၉၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၂၅၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက်သာ ဈေးမြင့်တက်လာပါတယ်။
 
ပဲကြီး
       ပဲကြီးဈေးကလည်း မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းနေတာဖြစ်လို့ ဈေးတက်လာတာဖြစ်ပါတယ်။ ပဲကြီးကပြည်တွင်း ဝယ်ယူမှုများပြီး စိုက်ဧကလည်း လျော့နည်းတာ ဖြစ်လို့ ဈေးကောင်းရရှိတဲ့ ပဲလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီးက ၄၄၃၀ မှ ၄၇၈၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
 
နှမ်းမျိုးစုံ
        ရက်အတန်ကြာငြိမ်နေခဲ့တဲ့ နှမ်းမျိုးစုံက ဒီတစ်ပတ် မုန်တိုင်းကြောင့် စိုက်ခင်းဧကတွေ ပျက်စီးခဲ့ပြီး ဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ်။ နယ်အချို့မှာ နှမ်းအသစ်တွေဝင်နေပြီ ဖြစ်ပေမယ့် မိုးကြောင့် ပျက်စီးခဲ့ပြီး အရည်အသွေးလည်းမကောင်းဘူးလို့ နှမ်းကုန်သည်တွေ ထံကနေသိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၀၀၀‌၀ ‌ေပါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၂၉၅၀၀၀ ကနေ ၃၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။
       နှမ်းဖြူကတော့ ဈေးကွက်ထဲ အသစ်တွေ အနည်းငယ်ဝင်နေပြီး ဈေးကောင်းနေပါတယ်။ နှမ်းဖြူ(ဂျပန်)က မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀လောက်ဈေးမြင့်တက် လာပါတယ်။ နှမ်းဖြူရိုးရိုးကတော့ တစ်အိတ်ကို ၃၂၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
နှမ်းညိုကလည်း အသစ်တွေ ဝင်ရောက်နေပေမယ့် ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၇၅၀၀၀ ကနေ ၂၇၈၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါ တယ်။ မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပန်းနှမ်းကလည်း တစ်အိတ်ကို ၂၀၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးတက် လာပါတယ်။
AMIA

 

Category: Local News