Local News

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးနှုန်ချိုသာစွာရောင်းချ

Last Updated:

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဈေးကွက်အတွင်းသို့ ရေချိုငါးများ ပေါများစွာ ဝင်ရောက်လာလျက်ရှိကြောင်း သိရှိရသည်။ အခြေခံကုန်းဈေးနှုန်းများ မြှင့်တက်လာခြင်း ဖြစ်ပေါ်လာသော်လည်း ဒေသထွက်ရေချိုတောငါးများဖြစ်သည့် ငါးစင်ရိုင်း၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ်၊ စသည့်ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ ၁၅၀၀၀ ကျပ်၊ မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဘားအံမြို့ရှိ ငါးဒိုင်များသို့ ဝင်လာသည့် မွေးမြူရေးငါးနှင့်ချောင်းငါးများဖြစ်သော ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုက်ခေါင်းပွ၊ ငါးမုတ်၊ စသောငါးများမှာ လတ်ဆတ်မှုရှိပြီး ဈေးနှုန်းမှာ  ၁၂၀၀၀ ကျပ်၊ မှ ၂၀၀၀၀ ကျပ်ထိ အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ 
Source: https://www.doca.gov.mm

Category: Local News