Local News

အာတာလွတ်ဥ ဈေးကွက်အခြေအနေ

Last Updated:

၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ် ရေပေါ်ဈေးအတွင်း ဒေသထွက် အာတာလွတ်ဥများနှင့်အခြားမှဝင်ရောက်လာသော အာတာလွတ်ဥများ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။
မြန်မာအစားအစာထဲတွင် နေရာတစ်နေရာယူထားသည့် အာတာလွတ်ဥမှာလည်း ဆေးဖက်ဝင်ကြောင်း သိရှိရသည်။  အာတာလွတ်ဥတွင် သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင်သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံတစ်မျိုး ဖြစ်ပါသည်။
ဘားအံမြို့ရှိ ဈေးများပေါ်တွင် အာတာလွတ်ဥကို အရွယ်အစားအလိုက် အာတာလွတ်ဥကြီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ အာတာလွတ်အသေး တစ်ပိဿာလျှင် (၄၀၀၀၊ ၅၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm

Category: Local News