Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့မှ ( ၂၀ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၇၅၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၂၀၂) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၉၅၅)သန်း ကုန်သွယ်မှု ဆောင် ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့မှ ( ၂၀ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၇၁.၇၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၉၈၃)သန်း၊ ဂျင်းခရု (အရှင်) (၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၉.၁၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆)သန်း၊ အေးခဲကင်းမွန် (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း၊ ဂဏန်း (အသေ) (၆.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈)သန်း၊ ရေချိုပုစွန်  (၀.၅၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅)သန်း၊ ကင်းမွန်ပြုတ်ခြောက်  (၀.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၆)သန်း၊ ရေခူဆားနယ်  (၆.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၃)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆၉)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၁၇၈)သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၉)သန်း၊ ငရုတ်သီးစိမ်း (၃၃.၅၁၉)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၄)သန်း၊ ကြက်သွန်နီ (၂၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁၉)သန်း၊ ဓနိဖက် (၁၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၅)သန်း၊ ဆီအုန်းကြိတ်ဖတ် (၁၀၀.၀၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၃)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၃)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၃၂၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၁)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၁၅၄.၈၄) ဒေါ်လာနှုန်း၊ (၁၇၁.၇၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၉၈၃) သန်း၊ ချင်းခရု (အရှင်) (၁၅၄၀) ဒေါ်လာနှုန်း၊ (၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၉၃၄.၄၃) ဒေါ်လာနှုန်း၊ (၉.၁၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆) သန်း၊ အေးခဲကင်းမွန် (၁၉၀၀) ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ဂဏန်း (အသေ) (၁၁၉၄.၀၃) ဒေါ်လာနှုန်း၊ (၆.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈) သန်း၊ ရေချိုပုစွန် (၉၀၉၀.၉၁) ဒေါ်လာနှုန်း၊ (၀.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅) သန်း၊ ကင်းမွန်ပြုတ်ခြောက် (၄၃၃၃.၃၃) ဒေါ်လာနှုန်း၊ (၀.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၆) သန်း၊ ရေခူဆားနယ် (၁၉၅၅.၈၈) ဒေါ်လာနှုန်း၊ (၆.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၃) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၅၇၉၇.၁) ဒေါ်လာနှုန်း၊ (၀.၆၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇၈) သန်း၊ ငှက်ပျောသီး (၃၁၈) ဒေါ်လာနှုန်း၊ (၅၀) တန်၊ တန်ဖိုး ကန် ဒေါ်လာ (၀.၀၁၅၉)သန်း၊ ငရုတ်သီးစိမ်း (၈၁၇.၄၅) ဒေါ်လာနှုန်း၊ (၃၃.၅၁၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၄) သန်း၊ ကြက်သွန်နီ (၇၀၂.၁၄) ဒေါ်လာနှုန်း၊ (၂၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁၉) သန်း၊ ဓနိဖက် (၁၃၈.၈၉) ဒေါ်လာနှုန်း၊ (၁၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၅) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၅၈၁.၂၅) ဒေါ်လာနှုန်း၊ (၃၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉၃) သန်း၊ ကြွေပြားကပ်ကော်မှုန့် (၇၃.၃၃) ဒေါ်လာနှုန်း၊ (၁၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ငါးသေတ္တာဘူးခွံ (၃၄၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၁) M2 လျှင် (၂.၅၃) ဒေါ်လာနှုန်း၊ (၃၂၀၀) M2 ၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၁)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်/ ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ် စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၀-၀၁-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၁၅)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၅၂) ကျပ်ခန့်ရှိပါ ကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News