Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ခုနှစ်၊ဇန်နဝါရီ၁၇ရက်နေ့မှ၂၁ရက်နေ့အထိ ပို့ကုန်တန်ချိန်(၄.၂၆၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄.၀၅၃)သန်းနှင့် သွင်းကုန်တန်ချိန်(၀.၆၆၅)၊(၇.၃၈၅)U၊(၂၂၅၀)BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၈၅၁)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၄.၉၀၄) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာပလာတူးခက်တန်ချိန်(၈၅၇.၅၅၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၆၉၄၆၁၈.၉၀)၊ (၁)တန် ဈေးနှုန်း (၈၁၀) ၊ ငါးနီငယ် တန်ချိန် (၁၄၈.၄၃၀)၊ တန်ဖိုးအမေရိအမေရိကန်ဒေါ်လာ (၁၂၂၂၉.၂)၊ (၁)တန် ဈေးနှုန်း(၁၂၉၀) အမေရိကန်ဒေါ်လာ၊ ဂဏန်းဘုန်းကြီးတန်ချိန်(၇.၅၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၄၀၀၀)၊ (၁) တန် စျေးနှုန်း (၃၂၀၀) အမေရိကန်ဒေါ်လာ၊ ပလာတူးတန်ချိန်(၁၄၅.၃၄၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၂၄၃၃.၂)၊ (၁)တန် စျေးနှုန်း (၉၈၀) အမေရိကန်ဒေါ်လာ၊ ငါးကုန်းညိုတန်ချိန် (၄၉.၄၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၄၄၉၆)၊ (၁)တန်စျေးနှုန်း(၉၀၀)အမေရိကန်ဒေါ်လာ၊ကျောက်ငါးတန်ချိန်(၈၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၈.၄)၊ (၁)တန် စျေးနှုန်း (၁၆၈၀) အမေရိကန်ဒေါ်လာ၊ ဇလွယ်တန်ချိန် (၂၅၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၇၇.၆)၊ (၁) တန် စျေးနှုန်း(၁၃၈၀) အမေရိကန်ဒေါ်လာ၊ စမတ် တန်ချိန် (၁၀၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၉၄.၂)၊ (၁) တန် စျေးနှုန်း (၂၀၇၀) အမေရိကန်ဒေါ်လာ၊ မုတ်ဖြူတန်ချိန် (၂၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၃၀.၄)၊ (၁)တန် စျေးနှုန်း (၅၉၆၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာပီလောပီနံမှုန့် (၃၃၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၇၉၀၀၀)၊(၁)တန်ဈေးနှုန်း (၅၄၂.၄၂) အမေရိကန်ဒေါ်လာ၊ ဆေးရွက်ကြီးကုန်ကြမ်းတန်ချိန် (၃၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၀၀၀)၊ (၁)တန်ဈေးနှုန်း (၆၆၆.၆၆) အမေရိကန်ဒေါ်လာ၊ဒီဇယ်ဆီ(၃၀၀) တန် ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၅၀၀၀၀)၊(၁) တန်စျေးနှုန်း(၈၃၃) အမေရိကန်ဒေါ်လာ၊ဘထ္ထရီတန်ချိန် (၃၉၃၀)U ၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၆၀၀၀) ၊ (၁)တန်ဈေးနှုန်း (၃၄.၆၀)၊ ကားတာယာ(၃၄၅၅ ) U၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀၀)၊ (၁)တန်ဈေးနှုန်း(၂၈.၉၄)အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ပိုက် တန်ချိန်(၉၄.၂၃၈) တန်၊ အမေရိကန်ဒေါ်လာ (၄၈၀၀၀)၊ (၁) တန်စျေးနှုန်း (၅၀၉.၃၄) အမေရိကန်ဒေါ်လာ၊ ဓာတုပစ္စည်း(၃၀) တန် ၊ အမေရိကန်ဒေါ်လာ(၉၀၀၀)၊(၁)တန်စျေးနှုန်း(၃၀၀)အမေရိကန်ဒေါ်လာ၊ စားသောက်ကုန်ကြမ်းတန်ချိန်(၁၂၉.၆) တန်၊ အမေရိကန်ဒေါ်လာ (၇၄၀၀၀)၊ (၁) တန်စျေးနှုန်း (၅၇၀.၉၈)အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်လိပ်(၃၇)တန်၊ အမေရိကန်ဒေါ်လာ(၂၅၀၀၀) ၊ (၁) တန်ဈေးနှုန်း(၆၇၅.၆၇) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ဖျာတန်ချိန်(၆.၁၆၅) တန်၊ အမေရိကန်ဒေါ်လာ(၃၀၀၀)၊ (၁)တန်စျေးနှုန်း(၄၈၆.၆၁)အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်းသိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၁-၁-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၁၅.၂၃)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၈.၅) ကျပ်ခန့်(၂၀-၁-၂၀၂၄)ရက်နေ့နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News