Local News

တောင်ငူမြို့မှ ပန်းဂန္ဓမာပန်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု ရှမ်းဝတီးကျေးရွာတွင် ဂန္ဓမာပန်းနှင့် မေမြို့ပန်း စုစုပေါင်းစိုက်ဧက ၈၈.၇၅ ဧကခန့် စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ်အနေဖြင့် ယခင်က တစ်ဧကလျှင် ကျပ် ၂၅ သိန်းခန့်ကုန်ကျသော်လည်း ယခုအခါတွင် သွင်းအားစု၊ ပိုးသတ်ဆေး နှင့်လုပ်သားခ စသည့်ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ကုန်ကျစရိတ်မှာ ကျပ် ၃၅ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

အထွက်နှုန်းအားဖြင့် ပန်းတစ်ဧကစိုက်လျှင် ၁၀ ပင်စည်း အစည်းရေ ၅၀၀၀ ခန့် ထွက်ရှိပြီး ဈေးကွက်အနေဖြင့် တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ပန်းအဝယ်ဒိုင်များသို့ ပန်းစည်း တစ်စည်းလျှင် ယခင်က ၈၀၀ ကျပ်၊ ယခုအခါ ၁၀၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ဒိုင်များမှတစ်ဆင့် ပန်းဆိုင်များသို့ တစ်စည်းလျှင် ၁၂၀၀ ကျပ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း၊ ပန်းဆိုင်များမှ ပန်းပွင့် အနေအထားပေါ်မူတည်၍ ဂန္ဓမာပန်းတစ်စည်းလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ်အထိ ရောင်းချကြကြောင်း သိရသည်။ ပန်းစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ကျပ် ၁၅ သိန်းအထိ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News