Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၂-၈-၂၀၂၃) မှ (၁၈-၈-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း (အစို)နှင့် ဇီးယိုထုပ်တို့ တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၁၂၁၅ ဒေါ်လာ တင်ပို့ခဲ့ ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် မန်ကျည်းစေ့တန်ချိန် ၁၄၃ တန် တင်ပို့ ခဲ့ပါသည်။ ယခင်အပတ်မှာ မန်ကျည်းစေ့တန်ချိန် ၂၁၆ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခု အပတ်တွင် မန်ကျည်းစေ့တန်ချိန် တင်ပို့ နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် မန်ကျည်းစေ့တင်ပို့နိုင်မှု ငွေပမာဏမှာ ၁၄၃၀၀ ဒေါ်လာ တင်ပို့ မှုရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News