Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၄၀၀၁)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-) သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ (၀.၄၀၀၁)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၇၃)တန်၊ တန်ဖိုး(၀.၀၀၇၃)ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်း ဖြင့်(၄၀)တန်၊ တန်ဖိုး (၀.၀၀၄၆) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၅၄)တန်၊ တန်ဖိုး (၀.၀၁၆၂) ဒေါ်လာသန်း၊ကွမ်းသီး(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၃၂၁) နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၁၈၆)ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၁၀၃.၄၀၈) တန်၊ တန်ဖိုး (၀.၁၂၉၃) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိ ကန်ဒေါ်လာ(၁၂၈၀)နှုန်းဖြင့် (၉၉.၇၉၂)တန်၊ တန်ဖိုး (၀.၁၂၇၈) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန် လျှင် အမေရိကန်ဒေါ်လာ(၁၃၂၀)နှုန်းဖြင့် (၅၄.၁၇၆)တန်၊တန်ဖိုး(၀.၀၇၁၄) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ (၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀) နှုန်းဖြင့် (၁၀.၈၄၈) တန်၊ တန်ဖိုး (၀.၀၁၃၆) ဒေါ်လာသန်း နှင့် ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၈.၀၆၄)တန်၊ တန်ဖိုး (၀.၀၁၁၃) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိပါ။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင်(၁၁၇.၈၀)တာကာနှင့် (၁)တာကာလျှင် (၂၈.၃၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ(၁)ပိဿာလျှင် ကုန်ကျစ်(၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ(၁၂၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများသွား လာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့်ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News