Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆) ရက်နေ့မှ ( ၁၇ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၇၅၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (-) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၇၅၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင် ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ ( ၁၆ ) ရက်နေ့မှ ( ၁၇ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၀၉.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၆၈) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၈)သန်း၊ ဂျင်းခရု (အရှင်) (၈.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၅)သန်း၊ ဂဏန်း(အသေ) (၅.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၅)သန်း၊ ရေခူဆားနယ်  (၂၀.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၉၅)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၂၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၂)သန်း၊ ငှက်ပျောသီး (၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၆)သန်း၊ ငရုတ်သီးစိမ်း (၆.၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄၇)သန်း၊ ကြက်သွန်နီ (၉၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၆၁၈)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများ မရှိပါ။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာ -ငါးမျိုးစုံ (၁၀၆၂.၇၈) ဒေါ်လာနှုန်း၊ (၁၀၉.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၆၈) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၇၅.၂၈) ဒေါ်လာနှုန်း၊ (၄.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၈) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၆.၀၂) ဒေါ်လာနှုန်း၊ (၈.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၅) သန်း၊ ဂဏန်း (အသေ) (၁၁၈၁.၈၂) ဒေါ်လာနှုန်း၊ (၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၅) သန်း၊ ရေခူဆားနယ် (၁၈၉၉.၀၄) ဒေါ်လာနှုန်း၊ (၂၀.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉၅) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၂၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၂) သန်း၊ ငှက်ပျောသီး (၂၉၀) ဒေါ်လာနှုန်း၊ (၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၆)သန်း၊ ငရုတ်သီးစိမ်း (၇၅၈.၀၆) ဒေါ်လာ နှုန်း၊(၆.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄၇)သန်း၊ ကြက်သွန်နီ (၆၅၀.၅၃) ဒေါ်လာနှုန်း၊(၉၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၆၁၈) သန်း ဖြစ်သည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၇-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ်(၁)သိန်းလျှင် ဘတ် (၁၀၈၇) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၂) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News