Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ(၁၇) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သားတစ်တန်လျှင်(၁၈၀၁)ဒေါ်လာနှုန်းဖြင့် (၂၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ (၁၇) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဓါတ်ဆီတစ်တန်လျှင် (၁၀၂၅)ဒေါ်လာနှုန်းဖြင့်(၆၀၀) တန်၊ တန်ဖိုး (၀.၆၁၅)ဒေါ်လာသန်း၊ငါးဖမ်းပစ္စည်း တစ်တန်လျှင်(၁၂၃၃) ဒေါ်လာနှုန်းဖြင့် (၈.၀၀၀)တန်၊တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာတစ်တန်လျှင်(၃၂၅)ဒေါ်လာနှုန်းဖြင့် (၉၇.၅)တန်၊တန်ဖိုး(၀.၀၃၂) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၆၅၇)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ တစ်လီတာ (၃၀၀၀)ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၀၄၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ ဘတ်ငွေလဲ နှုန်းမှာ(၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News