Local News

ပခုက္ကူခရိုင်အတွင်း နိုဝင်ဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော မြေပဲဆံနှင့်မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်း အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့အနောက်ဘက်ရှိရွာများမှ သုံးလမြေပဲများမှာ အရောင်းအဝယ်ဖြစ်နေပါသည်။  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် သုံးလမြေပဲဈေးနှုန်းများမှာ  အခွံပါမြေပဲအတောင့် (ပဲလေး) တစ်ပိဿာလျှင် ကျပ်(၂၂၀၀-၃၄၀၀-၃၆၀၀)၊ အခွံပါမြေပဲအတောင့် (ပဲကြီး) တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၂၅၀၀-၃၅၀၀-၃၆၀၀)ဖြစ်ပြီး နိုဝင်ဘာလ(ဒုတိယပတ်)တွင် အခွံပါမြေပဲအတောင့် (ပဲလေး)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀-၃၆၀၀)၊ အခွံပါမြေပဲအတောင့် (ပဲကြီး)တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၂၄၀၀-၃၅၀၀-၃၆၅၀)၊  မြေပဲဆံ (ပဲလေး) အလုံးအသေး/အကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင် ကျပ် (၅၂၀၀-၅၈၀၀ )မှစတင်၍  ကျပ် (၆၁၀၀ -၆၁၅၀)၊ မြေပဲဆံပြန့်ရှယ်တစ်ပိဿာလျှင် ကျပ် (၅၇၀၀-၅၈၀၀-၆၀၀၀)၊ မြေပဲဖြူလုံးဆံတစ်ပိဿာလျှင် ကျပ် (၅၇၀၀-၅၈၀၀-၅၉၀၀)၊ မြေပဲဆံရွေးကျ(ခွဲခြမ်း) တစ်ပိဿာလျှင် ကျပ် (၄၂၀၀-၄၃၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေပါသည်။

မြေပဲဆံ(၃)လပဲများဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပြီး ပခုက္ကူမြိုနယ်တွင် ဆုံဆီလုပ်ငန်းများကို ယခင်ထက် တွင်ကျယ်စွာလုပ်ကိုင်လာကြပါသည်။ မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ခြင်း၊ မြေပဲအပုပ်စေ့များကို ရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံ(ပဲလေး)တစ်ပိဿာကြိတ်လျှင်  ဆီ (၄၀-၄၂) ကျပ်သားထွက်ရှိကြောင်း၊  မြေပဲတစ်စုံကြိတ်လျှင် (၅) ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ  (၂)ပိဿာ၊ (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် ကျပ် (၇၀၀)ဖြစ်ပြီး  မြေပဲစုံ (၇) စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀)မှ ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)ဖြစ်ပြီး ဆုံပဲခွေဖတ်တစ်ပိဿာလျှင် ကျပ် (၂၄၅၀) ဖြင့်ရောင်းချနေကြောင်းနှင့် ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း  ပခုက္ကူမြို့နယ်၊ ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News