Local News

ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်းအခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကိုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ  ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁) ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ (၁) ပိဿာလျှင် (၂၇၀၀) ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁) ပိဿာလျှင် (၂၄၀၀) ကျပ်၊ လက်လီ (၁) ပိဿာလျှင် (၂၆၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News