International News

ပြည်ပကုန်ထုတ်လုပ်ငန်းများ စုပြုံဝင်ရောက်သဖြင့် ဗီယက်နမ်နိုင်ငံ စက်မှုဇုန် မြေဈေးမြင့်တက်

Last Updated:

ပြည်ပကုန်ထုတ်လုပ်ငန်းများ စုပြုံဝင်ရောက်လာကြသဖြင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် စက်မှုဇုန်မြေ ငှားရမ်းခ ၃၅% မြင့်တက်ခဲ့ပြီး တောင်ပိုင်းတွင် ၁၄.၅% မြင့်တက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် စက်မှုဇုန် ၃၉၇ ခု ရှိပြီး ငှားရမ်းနိုင်သော စုစုပေါင်း ဧရိယာ ၁၂၂,၉၀၀ ဟက်တာ ရှိသည်။ စုစုပေါင်း ဧရိယာ ၃၅,၇၀၀ ဟက်တာရှိဟည့် စက်မှုဇုန်အသစ် ၁၀၆ ခုမှာ ဆောက်လုပ်ဆဲ ဖြစ်သည်။

မြောက်ပိုင်းတွင် ငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် ပျမ်းမျှ US$ 138 ရှိပြီး $102 မှ ဈေးတက်လာခြင်းဖြစ်သည်ဟု အိမ်ခြံမြေ အတိုင်ပင်ခံ Savills Vietnam မှ ပြောကြားသည်။ တောင်ပိုင်းတွင် စက်မှုမြေ ငှားရမ်းခ $152 မှ $174 သို့ မြင့်တက်သည်။ မြေအလွတ် ၉၅% ကျော်ကို ငှားရမ်းထားပြီးပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ စက်မှုဇုန်များသည် မြေအလွတ်များကို ပျမ်းမျှအားဖြင့် ၈၀% ကျော် ငှားရမ်းထားပြီး ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံခြားတိုက်ရုိက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၀ ဒသမ ၂ ဘီလီယံကျော် ရရှိခဲ့သည်။ ယင်းတွင် ကန်ဒေါ်လာ ၁၄ ဘီလီယံသည် ကုန်ထုတ်လုပ်ငန်းများ ဖြစ်သည်။ Apple ၏ ပစ္စည်းများကို ကန်ထရိုက်ယူပြီး ထုတ်လုပ်‌သည့် Foxconn ၏ လက်အောက်ခံလုပ်ငန်း Fulian Precision Technology Component သည် မြေ ၄၅ ဟက်တာကို ကန်ဒေါ်လာ ၆၂.၅ သန်းဖြင့် ၂၀၅၇ ခုနှစ် ဖေဖော်ဝါရီလအထိ မကြာသေးခင်က ငှားရမ်းခဲ့သည်။ Apple အတွက် iPads နှင့် AirPods များ ထုတ်လုပ်မည်ဖြစ်သည်။ 
Source vnexpress 

Source: https://www.industrialdirectory.com.mm

Category: International News