International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စိုက်ပျိုးမြေဆီလွှာ စစ်ဆေးပြုပြင်ရန် ဂျာမဏီက နည်းပညာအကူအညီ ရရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးပြောကြား

Last Updated:

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာAbdurRazzaque က ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များသည် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန် ဂြိုလ်တုနည်းပညာဖြင့် မြေဆီလွှာ အရည်အသွေးစစ်ဆေးပြုပြင်ခြင်းပြုလုပ်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ကိုကူညီပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်ကို Dhaka Tribuneသတင်းတွင် ရေးသားဖော်ပြထားသည်။

     ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ စိုက်ပျိုးရေးမဟာမိတ်အဖွဲ့နှင့် ထိပ်တန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးနောက် စိုက်ပျိုးရေးဝန်ကြီးဒေါက်တာ AbdurRazzaque က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

     စိုက်ပျိုးရေးဝန်ကြီးက အဆိုပါအစည်းအဝေးတွင် ပိုမိုကောင်းမွန်သောလူနေမှုဘဝထူထောင်ရေး၊ ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP) အကောင်အထည်ဖော်ရေးနှင့် လယ်ယာထွက်ကုန်များ ပံ့ပိုးကူညီရေးစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရှိရ သည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့်ရှ်နိုင်ငံအတွင်း ရှေ့ပြေးအစီအစဉ်များကို မကြာမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားထားသည်ဟုရေးသားဖော်ပြထားသည်။

Source: https://www.commerce.gov.mm

Category: International News