ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုအက်ဥပဒေ ၁၉၉၉ (Environmental Protection and Management Act 1999) နှင့် ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှု (အန္တရာယ်ရှိသော ပစ္စည်းများ) လုပ်ထုံးလုပ်နည်းများ (Environmental Protection and Management (Hazardous Substances) Regulations) အရ ဓာတုပစ္စည်းအုပ်စု ၂ စုနှင့် မာကျူရီပါဝင်သည့် ထုတ်ကုန် ၉ မျိုးတို့ကို စင်ကာပူနိုင်ငံ ပတ်ဝန်းကျင်အေဂျင်စီက စီမံခန့်ခွဲမှု ပြုလုပ်မည်ဖြစ် ကြောင်း အသိပေးစာထုတ်ပြန်ခဲ့ပါသည်။ ဓာတုပစ္စည်းအုပ်စု ၂ စုနှင့် မာကျူရီပါဝင်သည့် ထုတ်ကုန် ၉ မျိုးနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များမှာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ် သည်။
အောက်ပါ ဓာတုပစ္စည်းအုပ်စု ၂ စုကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချ ရန်အတွက် ဆောင်ရွက်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ရောင်းချရန်အတွက် ကမ်းလှမ်းခြင်း ဆောင်ရွက်လိုသည့်ကုမ္ပဏီများသည် Hazardous Substances (HS) လိုင်စင်၊ အဆိုပါဓာတု ပစ္စည်းများကို သိုလှောင်အသုံးပြုလိုသည့် ကုမ္ပဏီများသည် HS ခွင့်ပြုချက်နှင့် ဓာတုပစ္စည်းများ သယ်ဆောင်ရာတွင်လည်း HS သယ်ဆောင်ရေးခွင့်ပြုချက် (HS Transport Approval) လိုအပ်မည်ဖြစ်သည်-
(၁) Long-chain perfluorocarboxylic acids (LC-PFCAs) (chain lengths at least C9 but not exceeding C21), their salts and related compounds
(၂) Medium-chain chlorinated paraffins (MCCPs) (chain lengths at least C14 but not exceeding C17)
စင်ကာပူနိုင်ငံတွင် အောက်ပါမာကျူရီပါဝင်သည့်ထုတ်ကုန်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ဘဲ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ မတိုင်မီ တင်သွင်းထားသည့် ထုတ်ကုန်များကိုသာ လက်ကျန်ပစ္စည်းကုန်သည်အထိ ပြည်တွင်း၌ ရောင်းချခြင်းနှင့် အသုံးပြုခြင်းတို့ကို ခွင့်ပြုမည်ဖြစ်ပါသည်-
၁။ ၃၀ ဝပ် သို့မဟုတ် ၃၀ ဝပ်ထက်နည်းပြီး မာကျူရီပါဝင်မှု ၅ မီလီဂရမ်ထက် မကျော်သော မီးထွန်းရန်အသုံးပြုသည့် မီးချောင်းများ
၂။ အီလက်ထရွန်းနစ် display များတွင် အသုံးပြုသည့် Cold cathode fluorescent lamps နှင့် electrode fluorescent lamps
၃။ plethysmographs တွင် အသုံးပြုမည့် ဖိအားတိုင်းကိရိယာများ
၄။ Melt pressure transducers, Melt pressure transmitters နှင့် Melt pressure sensors
၅။ Mercury Vacuum Pumps
၆။ တာယာချိန်ညှိစက်နှင့် wheel weights
၇။ ဓာတ်ပုံဖလင်နှင့် စက္ကူ (Photographic film and paper)
၈။ အာကာသယာဉ်နှင့် ဂြိုလ်တုများတွင် အသုံးပြုသည့် တွန်းကန်ပစ္စည်း
၉။ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရည်ရွယ်အသုံးပြုသည့်ကိရိယာများမှအပ မာကျူရီပါဝင်မှု ၂၀ မီလီဂရမ်ရှိ circuit တွင်သုံးသည့်ပစ္စည်းများ
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ဆက်တွဲပါ ကုန်သွယ်ရေး ကုန်စည်အမျိုးအစားကုဒ်နံပါတ် (HS code) နှင့် ကုန်ပစ္စည်းကုဒ်နံပါတ် (Product code) ကို အသုံးပြု၍ ပို့ကုန်သွင်းကုန် TradeNet ပါမစ်လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ အဆိုပါ TradeNet ပါမစ်လျှောက်ထားမှုများကို ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့် စီမံခန့်ခွဲမှုဌာန၏ လုပ်ငန်းစဉ်နှင့် ခွင့်ပြုချက်တို့အရ ဆောင်ရွက်မည်ဖြစ်ပါသည်။
ရင်းမြစ်။ စင်ကာပူနိုင်ငံ ပတ်ဝန်းကျင်အေဂျင်စီ
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)