Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/ သွန်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့မှ ဩဂုတ်လ (၂၀) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်း အထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

ဩဂုတ်လ(၂၀)  မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့မှ ဩဂုတ်လ (၂၀)ရက် နေ့အတွင်းသွင်းကုန်တင်သွင်းမှုမရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၂၁၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News