Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့်  မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့၍ ယာဉ်သွားလာမှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပြင်ဆင်နိုင်‌ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။ အရေးကြီးသည့် ပုတ်သိုးလွယ်သည့်ပစ္စည်းများဖြစ်သည့် ပို့ကုန်ပစ္စည်း ငရုတ်သီးစိမ်း၊ ရေထွက်ပစ္စည်းနှင့် ကွမ်းသီးတို့ကို မြဝတီ-ကော့ကရိတ် လမ်းဟောင်း ဒေါနတောင်မှ တစ်ဆင့်ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းသယ်ဆောင်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ သွင်းကုန်ပစ္စည်းတင်ယာဉ်များမှာ အခွန်ပေးဆောင်ပြီးဖြစ်သော်လည်း‌ သွားလာနိုင်ခြင်းမရှိသေးဘဲ စောင့်ဆိုင်းနေလျက်ရှိသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၅-၈-၂၀၂၃) ရက်နေ့မှ (၁၈-၈-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် ရေထွက်ကုန်များဖြစ်သည့် ငါးကြင်းစီဖောင်းတို့ကို တင်ပို့ခဲ့သည်။ (၁၅-၈-၂၀၂၃) ရက်နေ့မှ (၁၈-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ  ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် အခြားရေထွက်ပစ္စည်းတို့ဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြှင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။ (၁၅-၈-၂၀၂၃) ရက်နေ့မှ (၁၈-၈-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊  စက်ဘီး၊ အဝတ်အထည်၊  ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ် အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊  အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊  ယာဉ်/ယန္တရားစက်ပစ္စည်းများနှင့် အိမ်သုတ်ဆေးတို့ တင်သွင်းခဲ့သည်။ 

(၁၅-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ယာဉ်/ယန္တရားစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပို ပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများတို့ ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်ကတစ်ဘတ်လျှင် (၁၀၀.၅၁) ရှိပြီး ယခုအပတ်တွင် (၁၀၇.၅၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်တက်လျက်ရှိသည်။  

(၁၂-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း (၁)တန်လျှင် ပျမ်းမျှ (၂၉၂.၈၀၀)ဒေါ်လာဖြင့် (၁၁၁၆.၇၈၉)တန် (၀.၃၂၇)ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (အစို) (၁)တန်လျှင် (၅၆၀.၂၃၄) ဒေါ်လာဖြင့် (၂၆၅.၉၆၀) တန်  (၀.၁၄၉) ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၅၁.၂၅၀) ‌ဒေါ်လာဖြင့် (၈၀.၀၀၀)တန် (၀.၁၂၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၄၈၈.၉၀၀) ဒေါ်လာဖြင့် (၉၀.၀၀၀)တန် (၀.၀၄၄)ဒေါ်လာသန်းနှင့် အခြားရေထွက်ပစ္စည်း (၁)တန်လျှင် (၃၆၃၆.၃၆၄)‌ ဒေါ်လာဖြင့် (၂.၇၅၀) တန် (၀.၀၁၀) ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန် ကားခအနေဖြင့် ယာဉ်အမျိုးအစား အလိုက် (၁၂) ဘီးယာဉ်၏ ကုန်ကျစ် (၁) ပိဿာ စျေးနှုန်းမှာ (၁၂၀) ကျပ် ၊ ကုန်ပွ(၁) ပိဿာ စျေးနှုန်းမှာ (၁၃၀) ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ် (၁) ပိဿာ စျေးနှုန်းမှာ (၉၀) ကျပ်၊ ကုန်ပွ (၁)ပိဿာ စျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။

(၁၂-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ ဆေးဝါးပစ္စည်းများ (၀.၄၄၉)‌ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၀.၂၃၄)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၁၈၉) ဒေါ်လာသန်း၊ သံနှင့် သံမဏိပစ္စည်းများ (၀.၁၅၂)‌ ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ(၀.၁၄၀) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၁၁၅) ဒေါ်လာ သန်း၊ တာယာနှင့်ကျွတ်များ (၀.၀၈၄)ဒေါ်လာသန်း၊ သုတ်‌ဆေး၊ ပေါလစ်များ(၀.၀၅၄)  ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၅၂) ဒေါ်လာသန်းနှင့် ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သော ပစ္စည်းကိရိယာများ (၀.၀၄၇)‌ဒေါ်လာသန်းတို့ ဖြစ်ပါသည်။ သွင်းကုန်ကားခ (ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုး အစားအလိုက် (၁၂) ဘီးယာဉ်၏ ကုန်ကျစ်(၁) ပိဿာ စျေးနှုန်းမှာ (၂၀၀) ကျပ်၊ ကုန်ပွ (၁) ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂) ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ (၁) ပိဿာ စျေးနှုန်းမှာ (၁၇၀)ကျပ် ရှိသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၉.၄၈၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၃.၃၅၄) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၂.၈၃၅ ) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News