ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆၄၂) တန်၊ တန်ဖိုး (၅၆၃၇၈၅.၇၅) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။
အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀) ဒေါ်လာဖြင့်တန်ချိန် (၁၂၆၄) တန်၊ တန်ဖိုး (၄၃၃၂၂၄.၄၀) ဒေါ်လာ၊ Hollow Pipe ဈေးနှုန်း တစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၄၀.၅၀၀) တန်၊ တန်ဖိုး (၃၅၁၀၉.၀၇၀) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၃၇.၆၀၀) တန်၊ တန်ဖိုး (၂၆၅၁၃.၉၄၀) ဒေါ်လာ၊ Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၃၄.၀၀၀) တန်၊ တန်ဖိုး (၃၅၀၆၁.၆၉၀) ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၈၅.၆၀၀) တန်၊ တန်ဖိုး (၅၆၀၃၉.၂၀၀) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန် (၁၅.၁၀၀) တန်၊တန်ဖိုး (၆၃၀၀.၆၄၀) ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2)လျှင် (၃.၈) ဒေါ်လာဖြင့်(၉၄၀၀) M2၊တန်ဖိုး (၃၅၆၆၉.၆၆၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ)တင်သွင်းနိုင်လျက်ရှိသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။
Source: https://commerce.gov.mm