Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၂-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်ပြောင်းတန်ချိန် (၁၀၆၇.၂၇၁) တန်၊ တန်ဖိုး (၀.၃၁၅)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန် (၂၄၉.၅) တန်၊ တန်ဖိုး (၀.၅၀၄)ဒေါ်လာသန်း၊ ကြက်သွန်နီတန်ချိန် (၄၅) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ အခြားကုန်ကြမ်းပစ္စည်းများတန်ချိန် (၁၈၈) တန်၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တာချီလိတ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအားကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၁၀) ဘတ်ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိရာယခုအပတ်တွင် ဘိလပ်မြေ (၀.၂၁၂) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (ဒီဇယ်/ ဓာတ်ဆီ)(၀.၃၉၂) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၈၅) ဒေါ်လာ သန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းတန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ (၀.၀၀၂) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၄) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၀.၈၇၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁ရက်နေ့မှ ၁၁ ရက်နေ့ထိ) သွင်းကုန်တန်ဖိုး ဒေါ်လာ (၁.၂၅၉) သန်းဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News