International News

၂၀၂၆ ဖေဖော်ဝါရီလအထိ အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုများတန်ချိန် ၂.၀၁ သိန်း တန် ခန့် ရောက်ရှိ

Last Updated:

          ၂၀၂၅-၂၆ ဈေးကွက်နှစ်အတွင်း ဖေဖော်ဝါရီလအထိ အိန္ဒိယနိုင်ငံသည် သကြားတန် ချိန် ၂၀၁,၅၄၇ တင်ပို့ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံသည် အိန္ဒိယနိုင်ငံမှ သကြားအများဆုံးတင်ပို့ရာနိုင်ငံဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံလုံးဆိုင် ရာ သကြားကုန်သွယ်မှုအသင်း (AISTA) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

          အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုကို သကြားစက်ရုံများအကြား အချိုးကျခွဲဝေပေးသည့် ခွဲတမ်းစနစ်ဖြင့် အစိုးရက ဆက်လက်ထိန်းချုပ်ထားကြောင်း သိရပါသည်။ ဗဟိုအစိုးရသည် မကြာသေးမီက ထပ်တိုးခွင့်ပြုခဲ့သည့် တန်ချိန် ၅ သိန်း အပါအဝင် ၂၀၂၅-၂၆ ဈေးကွက်နှစ် အတွက် စုစုပေါင်း သကြားတန်ချိန် ၂ သန်း တင်ပို့ရန် အတည်ပြုထားကြောင်း သိရပါသည်။

          စုစုပေါင်း တင်ပို့မှုပမာဏတွင် သကြားဖြူ တန်ချိန် ၁၆၃,၀၀၀ တန်ခန့်နှင့် သန့်စင်ပြီး  သကြား (Refined Sugar) တန်ချိန် ၃၇,၆၃၈ ပါဝင်ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သကြား ကုန်သွယ်မှုအသင်း (AISTA) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ အိန္ဒိယနိုင်ငံ သည် သကြားတင်ပို့မှုကို (UAE) နိုင်ငံသို့ တန်ချိန် ၄၇,၀၀၆ ဖြင့် အများဆုံး တင်ပို့ခဲ့ပြီး ၎င်းနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံသို့ တန်ချိန် ၄၆,၁၆၃ တန်ခန့် ဒုတိယအများဆုံး တင်ပို့ခဲ့ကြောင်း သိရ ပါသည်။

          စက်တင်ဘာလတွင် ကုန်ဆုံးမည့် ၂၀၂၅-၂၆ ဈေးကွက်နှစ်အတွက် အိန္ဒိယ၏ သကြားထုတ်လုပ်မှုမှာ ၁၃ ရာခိုင်နှုန်းခန့်မြင့်တက်လာပြီး တန်ချိန်ပေါင်း ၂၉.၆ သန်းတန်ခန့် အထိ ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း AISTA ခန့်မှန်းချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။

          တင်ပို့လိုသည့် စက်ရုံများသို့ အပိုဆောင်း တန်ချိန် ၅ သိန်းအား အချိုးကျစနစ်ဖြင့် တင်ပို့ ခွင့်ပြုရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို အဆိုပါ ကုန်သွယ်မှုအသင်းက မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ ကနဦးသတ်မှတ်ထားသည့် တန်ချိန် ၁.၅ သန်း ခွဲတမ်းမှာ စက်ရုံအချင်းချင်း လဲလှယ် ခွင့်ရှိသော်လည်း၊ ယခု အသစ်ချပေးသည့် ခွဲတမ်းမှာမူ ထိုသို့ လဲလှယ်ခွင့်မရှိကြောင်း AISTA ၏ ပြောကြားချက်အရ သိရပါသည်။

Source:     The Economic Times    

Source:     https://www.doca.gov.mm                                      

Category: International News