Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ မတ်ပဲ၊ ပဲလွန်းပြာဈေးငြိမ်၍ ပဲကြီး၊ ပဲတီစိမ်းသေး၊ ကုလားပဲ 929၊ ကုလားပဲဖြူ လုံးကြီး၊ ကုလားပဲဖြူလုံးသေး ဈေးနှုန်းများကျဆင်းနေပြီး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ပဲစင်းငုံ၊ ပဲတီစိမ်းကြီး၊ ပြောင်းနီ၊ CP ပြောင်းဖူးစေ့၊ ပဲလွန်းဖြူး ဈေးနှုန်းများ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ) (၁၀၀၀၀၀) ကျပ်၊ မတ်ပဲ(၉၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၅၀၀၀-၆၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၂၀၀၀-၅၄၅၀၀)ကျပ်၊ ပဲစင်းငုံ (၁၁၅၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး(သ) (၆၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (သ) (၇၁၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၂၀၅၀၀)ကျပ်၊ ပြောင်းနီ (၂၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၉၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံး သေး (၉၈၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၃၀၀၀)ကျပ်၊  ပဲလွန်းဖြူ (၇၀၀၀၀)ကျပ်၊ ပဲလွန်းပြာ (၆၉၀၀၀)ကျပ်ပေါက်ဈေး ရှိကြောင်းသိရသည်။ ယခင်အပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ)(၁၂၆၀၀၀)ကျပ်၊ မတ်ပဲ (၉၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀-၆၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၄၀၀၀-၅၅၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၀၉၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၆၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့(၁၉၅၀၀)ကျပ်၊ ပြောင်းနီ (၂၅၅၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၁၀၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၁၀၂၀၀၀) ကျပ်၊ ကုလားပဲ 929 (၉၆၀၀၀)ကျပ်၊  ပဲလွန်းပြာ (၆၉၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၈၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်း ယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၂၆၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၅၀၀) ကျပ်၊ ကုလား ပဲဖြူလုံးကြီး တစ်တင်းလျှင်(၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေးတစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀)ကျပ်နှုန်း ကျဆင်းနေပြီး ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲစင်းငုံ တစ်တင်း (၆၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၅၀၀) ကျပ်၊ပဲလွန်းဖြူ တစ်တင်း (၂၀၀၀)ကျပ်နှုန်း  မြင့်တက်နေကြောင်းသိရသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News