Local News

စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကန့်ဘလူ၊ ရွှေဘို၊ ရေဦး ခရိုင်၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များ လှိုင်လှိုင်ပေါ်နေ ပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်နေကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ ပြည် တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်၊ ဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ် လျှင် ၁၆၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း ၁၀၀ လျှင် ၂,၂၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌ ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း ၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) (‌ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး) (သစ်)တင်း ၁၀၀လျှင် ၂,၀၅၀,၀၀၀၊ ငစိန် (ဆန်) (သစ်)၂၄ ပြည် တစ်အိတ်မှာ ၆၈,၀၀၀၊ ငစိန်(စပါး)(ဟောင်း) တင်း ၁၀၀လျှင် ၂,၈၀၀,၀၀၀၊ ငစိန် (ဆန်) (ဟောင်း )၂၄ ပြည် တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၃၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ်၉၀,၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) (‌ဟောင်း) ၂၄ ပြည် တစ်အိတ် မှာ ကျပ် ၁၂၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၉၅,၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်းသိရသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၅၀,၀၀၀ မနောသုခ (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၂,၃၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၉၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News