Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီ ထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ/ဆီဆံနှင့်နှမ်းနက်ဈေးမြင့်၍ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀-၁၂၀၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၂၆၀၀၀)ကျပ်ဖြစ်ကာ ယခင်အပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၈၀၀၀ -၁၂၅၀၀၀)ကျပ်ရှိ၍ ယခင်အပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးမြှင့်တက် နေကြောင်းသိရသည်။
ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၅၀၀-၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၆၀၀-၇၂၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၅၀)ကျပ်ရှိပြီး  ယခင်အပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀) ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၅၀-၇၀၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်၊ ယခုအပတ်ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ ဈေးငြိမ်၍ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူမှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ  (၁၂၅၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၅၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News