Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်နိုင်

Last Updated:

       ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ(၀.၄၇၈) ဒေါ်လာသန်း၊ သွင်းကုန်(၂.၈၄၄)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃.၃၂၂) ဒေါ်လာသန်းဖြစ်ပြီးယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့မှ (၂၁)ရက်နေ့အထိလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၀.၇၉၂) ဒေါ်လာသန်း၊ သွင်းကုန် (၀.၃၆၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၁၅၈)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၀.၃၁၄)‌ဒေါ်လာသန်းလျော့နည်းခဲ့ သော်လည်းသွင်းကုန်တွင် (၂.၄၇၈) ဒေါ်လာသန်းပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

        ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ပဲယင်း၊ ကြံ၊ ရော်ဘာ၊ ပြောင်းချဉ်ဖတ်နှင့် ဝါတို့ တင်ပို့မှုလျော့နည်းခဲ့သော်လည်းသွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံး ပစ္စည်းအုပ်စုနှင့် လူသုံးကုန်အုပ်စုတို့ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                       

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Source: https://www.commerce.gov.mm

Category: Local News