Local News

ငါးလအတွင်း တရုတ်-မြန်မာနယ်စပ်၊ ရွှေလီနယ်စပ်ဂိတ်၏ သွင်းကုန်ပို့ကုန် ပမာဏ တန်ချိန် ၅ ဒသမ ၇၀၇ သန်းရှိ

Last Updated:

        အကောက်ခွန်စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်၏ ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း တရုတ်-မြန်မာ နယ်စပ်၊ ရွှေလီနယ်စပ်ဂိတ်၏ သွင်းကုန်ပို့ကုန် ပို့ဆောင်ရေးပမာဏမှာ တန်ချိန် ၅ ဒသမ ၇၀၇ သန်း ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းပမာဏသည် ယခင်နှစ် အလားတူကာလထက် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့ကြောင်းနှင့် သွင်းကုန်ပမာဏမှာ တန်ချိန် ၅ ဒသမ ၆၆၁ သန်းရှိပြီး ယခင်နှစ် အလားတူကာလထက် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ပို့ကုန်ပမာဏမှာ တန်ချိန် ၄၆,၀၀၀ ရှိပြီး ၁၅၈ ဒသမ ၅ ဆ မြင့်တက်ခဲ့ကြောင်းသိရသည်။

          သွင်းကုန်ပို့ကုန် ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၂၃ ဒသမ ၆၁ ဘီလီယံရှိပြီး ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်းနှင့် သွင်းကုန်တန်ဖိုးအနေဖြင့် ယွမ် ၂၂ ဒသမ ၆၉ ဘီလီယံရှိပြီး ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ပို့ကုန်တန်ဖိုးမှာ ယွမ်သန်း ၉၂၀ ရှိရာ ၂၁ ဒသမ ၁ ဆ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုမှာ ယခုနှစ် ပထမငါးလအတွင်း ပြန်လည်ကောင်းမွန်လာကြောင်း၊ ပို့ကုန်အမျိုးအစားမှာ ယမန်နှစ် အလားတူကာလတွင် ၁၈၄ မျိုးမှ ယခုနှစ်တွင် ၁၆၉၈ မျိုးအထိ မြင့်တက်လာကြောင်းနှင့် ကုန်သွယ်မှုငွေပမာဏ ရရှိသော နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းအဖွဲ့၏ အရေအတွက်မှာ ယခင်နှစ်က ၂၉ ခုသာရှိရာမှ ယခုနှစ်တွင် ၅၄၅ ခုအထိ တိုးလာကြောင်း ရွှေလီအကောက်ခွန်ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

Source: Popular News Journal

Category: Local News