Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

          ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက   တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၃၈၈)၊ တန်ဖိုး အများဆုံး တင်ပို့နိုင်သည့် ပို့ကုန် တို့ဖြစ်ပြီး ငါးသယ်လှေ

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA  တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၁၉-၆-၂၀၂၃) ရက်နေ့ ပြင်ပ ငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၇၆) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၅) ကျပ်ခန့် ဖြစ်သဖြင့် (၁၈-၆-၂၀၂၃)ရက်နေ့ထက် (၀.၄) ကျဆင်းသွားသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၀၈၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံ လျှင် (၁၀၃၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News