Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာပြောင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ ကတ္ထူစက္ကူ၊ ပလပ်စတစ်ဗူးခွံဟောင်းတို့တင်ပို့လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၁၂)ဒေါ်လာ၊ ကြက်သွန်ဖြူတစ်တန်လျှင်(၁၄၅၂) ဒေါ်လာ၊ လက်ဖက်ခြောက်တစ်တန်လျှင်(၅၇၇)ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၅) ဒေါ်လာ၊ ပလပ်စတစ်ဗူးခွံဟောင်းတစ်တန်လျှင် (၁၁၅) ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တောင်ကြီး-တာချီလိတ် ကုန်ကျစ်တစ်တန် (၁၅၀၀၀၀)ကျပ်၊ ကုန်ပွ (၁၇၀၀၀၀) ကျပ်နှင့် ကျိုင်းတုံ-တာချီလိတ်ကုန်ကျစ်တစ်တန်(၃၀၀၀၀)ကျပ်၊ ကုန်ပွတစ်တန်(၄၀၀၀၀) ကျပ် ဖြစ်ပါသည်။ ယခုအပတ်တွင် ပြောင်းတန်ချိန် (၅၇၇၃.၇၀၃) တန်၊ တန်ဖိုး (၁.၇၇၃)ဒေါ်လာသန်း၊ ကြက်သွန်ဖြူတန်ချိန် (၂၅၂.၅)တန်၊ တန်ဖိုး (၀.၃၆၄)ဒေါ်လာသန်း၊ လက်ဖက်ခြောက်တန်ချိန် (၅၆.၈)တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ကတ္ထူစက္ကူအဟောင်းတန်ချိန် (၁၅၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ပလတ်စတစ်ဘူးခွံအဟောင်းတန်ချိန် (၁၆) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တာချီလိတ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ (၄) မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ် (QR)စစ်ဆေး၍ ဆောင်ရွက်နေ့သည့်အတွက် ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်း လျှင် (၁၁၇၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိရာအများဆုံးသွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်၊ ဓါတ်ဆီ၊ မီးခံအုတ်၊ ကော်ပိုက်၊ ကွန်ကရစ်အမိုးပြား၊ သွပ်ပြားတို့ တင်သွင်းလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၈၀)ဒေါ်လာ၊ သံချောင်းတစ်တန်လျှင် (၇၀၀) ဒေါ်လာ၊ ဒီဇယ်ဆီ တစ်တန်လျှင်(၇၆၀)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင် (၈၅၈) ဒေါ်လာ၊ မီးခံအုတ် တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ ကော်ပိုက်တစ်တန်လျှင် (၁၅၅၈)ဒေါ်လာ၊ ကွန်ကရစ် အမိုးပြား တစ်တန်လျှင် (၂၄၀)ဒေါ်လာ၊ သွပ်ပြားတစ်တန်လျှင် (၁၆၈၀)ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ကုန်ကျစ်တစ်တန်လျှင် (၂၂၀၀၀)ကျပ်နှင့် ကုန်ပွတစ်တန်လျှင် (၃၀၀၀၀)ကျပ်ဖြစ်ပါသည်။ ယခုအပတ်တွင် ဘိလပ်မြေ (၄၄၉၇.၀၅၀) တန်၊ တန်ဖိုး(၀.၃၅၆) ဒေါ်လာသန်း၊ ဒီဇယ်ဆီ(၂၈၈၂ BBL) ၊တန်ဖိုး(၀.၂၉၂) ဓါတ်ဆိ(၂၆၉၁ BBL)၊ တန်ဖိုး(၀.၂၇၃) ဒေါ်လာသန်း၊ သံချောင်း(၁၆၆.၂၆၅)တန်၊ တန်ဖိုး(၀.၁၁၆)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၄၂၈.၉၃၀)တန်၊ တန်ဖိုး(၀.၁၀၂)ဒေါ်လာသန်း၊ မီးခံအုတ်(၃၄၄.၉၈၀)တန်၊ တန်ဖိုး(၀.၀၅၂) ဒေါ်လာသန်း၊ ကော်ပိုက်((၁၉.၇၉၀)တန်၊ တန်ဖိုး(၀.၀၃၀)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၁၇၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News