Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှု အခြေအနေ

Last Updated:

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ (၁၀-၆-၂၀၂၃ မှ ၁၆-၆-၂၀၂၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁.၃၁၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၁.၈၄၈) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်သွင်းကုန်ပိုင်းတွင် (၀.၁၇၁) ဒေါ်လာသန်းပိုမိုခဲ့သော်လည်း၊ ပို့ကုန်ပိုင်းတွင် (၀.၇၆၀) ဒေါ်လာသန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၀.၅၈၉) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။   ယခုအပတ်ပို့ကုန်ပိုင်းတွင်   တစ်ဖက်တရုတ်နိုင်ငံသို့   အဓိကပို့ကုန်အဖြစ်   တင်ပို့နေသော  တစ်သျှူးငှက်ပျော အထွက်နှုန်းလျော့ကျမှုကြောင့် ယခင်တစ်ပတ်ထက် (၀.၇၆၀) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးအုပ်စုတို့၌ တင်သွင်းမှုပိုမိုခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၀၀၄) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၅၆) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၃၁၅၀) တန်၊ တန်ဖိုး (၄၅၄၂၀၁၀) ဒေါ်လာနှင့် သံသတ္တုရိုင်း (Fe-60.751%) ဈေးနှုန်းတစ်တန်လျှင် (၁၀၂) ဒေါ်လာဖြင့် တန်ချိန် (၁၉၃၄) တန်၊ တန်ဖိုး (၁၉၇၂၆၈) ဒေါ်လာ တင်ပို့နိုင်ခဲ့ပါသည်။

          သွင်းကုန်ပိုင်းတွင် ယာယီစနစ်ဖြင့် တင်သွင်းသည့် ငှက်ပျောထုပ်ပိုးပစ္စည်းများ ဇွန်လ (၁၈) ရက်နေ့ထိ တန်ချိန် (၁၀၆၄) တန်တင်သွင်းခဲ့ပါသည်။ အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် ကော်စေ့ဈေးနှုန်းတစ်တန်လျှင် (၁၀၀၀) ဒေါ်လာဖြင့်တန်ချိန် (၁၃၆) တန်၊ တန်ဖိုး (၁၃၆၀၀၀) ဒေါ်လာ၊ ဓါတ်မြေဩဇာ (N:15%, P2O5:15%, K2O:15%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀) ဒေါ်လာဖြင့်တန်ချိန် (၃၈၄) တန်၊ တန်ဖိုး (၁၃၄၄၀၀) ဒေါ်လာ၊ သံပိုက် ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့်တန်ချိန် (၁၄၈.၆၀) တန်၊တန်ဖိုး (၉၆၅၉၀) ဒေါ်လာ၊ မြက်ခင်းတု ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့်တန်ချိန် (၁၅၁.၅၀) တန်၊တန်ဖိုး (၉၈၄၇၅) ဒေါ်လာ၊ အိမ်ရိုက်သံဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့်တန်ချိန် (၁၄၃.၂၀) တန်၊ တန်ဖိုး (၉၄၅၁၂) ဒေါ်လာ၊ ဟော်လိုပိုက်ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့်တန်ချိန် (၈၀၄.၅၀) တန်၊တန်ဖိုး (၅၂၂၉၂၅) ဒေါ်လာ၊ ကြွေပြားဈေးနှုန်း (1 M2) လျှင် (၃.၈) ဒေါ်လာဖြင့်(၁၁၇၅၀) M2၊ တန်ဖိုး (၄၄၆၅၀) ဒေါ်လာ၊ ကားတာယာ(SIZE : 14.00 R 25)  ဈေးနှုန်း (၁ U) လျှင် (၁၂၀) ဒေါ်လာဖြင့် (၂၂၈) U ၊ တန်ဖိုး (၂၇၃၆၀) ဒေါ်လာ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ)တင်သွင်း နိုင်လျက်ရှိပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News