Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှ ဇွန်လ(၁၆) ရက်နေ့အထိ တစ်ပတ်အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပဲတီစိမ်း (၃၁၂၇.၀၀၀) တန်၊ တန်ဖိုး (၁.၉၈၈) ဒေါ်လာသန်း၊ ရေ်ဘာ (၁၁၅၁.၇၅၀) တန်၊ တန်ဖိုး (၁.၃၇၉) ဒေါ်လာသန်း၊ ဆန်ကွဲ(၁၉၈၈.၀၀၀) တန်၊ တန်ဖိုး (၀.၇၈၀) ဒေါ်လာသန်း၊ ပဲယင်း (၉၁၈.၂၅၀) တန်၊ တန်ဖိုး (၀.၇၁၇) ဒေါ်လာသန်း၊ မြေထောက်ပဲ (၂၇၂.၅၂၀) တန်၊ တန်ဖိုး (၀.၃၈၀) ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၈၇.၂၅၀)တန်၊ (၀.၃၀၂) ဒေါ်လာသန်း၊ ရေ်ဘာကြမ်း(၃၉၃.၀၀၀)တန်၊ (၀.၂၉၀) ဒေါ်လာသန်း၊ မြေပဲဆံ (၆၈.၀၀၀) တန်၊ တန်ဖိုး (၀.၁၀၆) ဒေါ်လာသန်း၊ (CMP) (၁၄၁၈၃၄) U၊ တန်ဖိုး (၀.၀၈၅) ဒေါ်လာသန်း၊ နိုင်လွန်ပဲ (၁၀၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့သည်။

       အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ  (၄.၉၆၂)ဒေါ်လာသန်း၊ ချည်ထည်များ(၃.၁၅၀)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာများ(၂.၂၄၇) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ(၁.၃၂၁) ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန်ကြမ်းအခြားပစ္စည်း(၀.၇၇၁) ဒေါ်လာ သန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ (၀.၇၃၁) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၀.၅၃၅)ဒေါ်လာသန်း၊ပလပ်စတစ်ကုန်ကြမ်းပစ္စည်း (၀.၅၁၁)ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်းများ (၀.၄၃၈)ဒေါ်လာသန်းနှင့် လေအေးစက်များ (၀.၄၃၆)ဒေါ်လာသန်းတင်သွင်း နိုင်ခဲ့သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၁) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၉) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၆၃) ကျပ်ရှိကြောင်း သိရသည်။ လားရှိုး-သိန္ဓီ-ချင်းရွှေဟော် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News