International News

ထိုင်းဆန် တင်ပို့မှု မေလတွင် မြင့်တက်

Last Updated:

          ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ဇန်နဝါရီလမှ မေလအတွင်း မက်ထရစ်တန်ချိန် ၃ ဒသမ ၄ သန်း ရှိသည်။ ဘတ်ငွေ အားပျော့ခြင်း၊ ပြည်ပမှ ဝယ်လိုအား မြင့်တက်ခြင်းတို့က အထောက်အကူဖြစ်စေခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သောကြာနေ့(ဇွန် ၂၃) တွင် ပြောကြားသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် ဆန်တင်ပို့မှု မက်ထရစ်တန်ချိန် ၈ သန်းကျော်မည်ဟု မျှော်မှန်းထားကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပကုန်သွယ်ရေးဌာနမှူး Ronnarong Phoolpipat က ပြောကြားသည်။

           ထိုင်းနိုင်ငံမှ   ဆန်တင်ပို့မှုသည် ယခုနှစ်တွင်   တန်ချိန် ၈ သန်းကျော်ရှိမည်ဟု ကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က   ပြီးခဲ့သည့်   သီတင်းပတ်တွင်   ပြောကြားခဲ့ပါသည်။   အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကြောင့် စပါးအထွက်နည်းမည့်အရေးရှိနေသဖြင့် ဆန်တင်သွင်းရသည့် နိုင်ငံများက အရန်ဆန် သိုလှောင်ရန် ဝယ်ယူမှုမြင့်မားလာခြင်းကြောင့် ကမ္ဘာ့ဝယ်လိုအား မြင့်မားလာသည်ဟု ၎င်းက ပြောကြားသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News