ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန်လအစောပိုင်းမှစ၍ ရာသီစာ သဘာဝမှို (ငှက်စွပ်မှို၊ တောင်ပို့မှို) များအား မြို့မဈေးကြီး၊ ညဈေး၊ မိုးမလင်းဈေး စသည့်ဈေးများတွင် ရောင်းချနေသည် ကိုတွေ့ရပါသည်။ ၎င်းမှိုများသည် တောတောင်များ၊ သစ်ပင်ကြီးများ၊ စိုက်ခင်းများ စသည့်နေရာ အများစုတွင် တစ်နှစ်လျှင်တစ်ကြိမ်သာ ပေါက်ရောက်လေ့ရှိပြီး နောက်နှစ်များ၌ ယခုနှစ်တွင် ပေါက်ထားသော နေရာဒေသအနီးတစ်ဝိုက်တွင်သာ ထပ်မံပေါက်ရောက်လေ့ရှိပါသည်။ ရာသီစာ သဘာဝမှိုများဖြစ်သည်နှင့်အညီ စိုက်ပျိုး၍ရသော မှိုများထက် လွန်စွာသာလွန် ထူးခြားကောင်းမွန်ပြီး အရသာမှာလည်းနူးညံ့၍ ချိုလွန်းလှသည်။ အများစုမှာ ကန်စွန်းရွက်အနည်းငယ်ဖြင့်သော် လည်းကောင်း၊ အရည်သောက်မှိုဟင်းအနေဖြင့်သော်လည်းကောင်း၊ ကြာရှည်စားသုံးနိုင်စေရန် ဆီများများဖြင့် အခြောက်ကြော်၍သော်လည်းကောင်း စားလေ့ရှိကြပြီး ကြိုက်နှစ်သက်သူများ ပြားကြသည်။ ယခုအခါ မြစ်ကြီးနားမြို့တွင်းရှိ ဈေးများတွင် ၎င်းသဘာဝမှို (ငှက်စွပ်မှို၊ တောင်ပို့မှို) များအား မှို (၄) ပွင့်ပါ တစ်စီးလျှင် (၂၀ဝ၀) ကျပ်ဖြင့် ရောင်းချ၍ လွန်စွာ ရောင်းအားကောင်းလျက်ရှိကြောင်း တွေ့ရှိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး