International News

Posco International အင်ဒိုနီးရှားနိုင်ငံ ရေနံနှင့်ဓာတ်ငွေ့သိုက် ဝေစု ရရှိ

Last Updated:

     အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားကျွန်းအနီးရှိ Bunga ဓာတ်ငွေ့လုပ်ကွက်မှ ထွက်ရှိသော ရေနံဝေစုကို ရယူရန်အတွက် Posco International သည် အင်ဒိုနီးရှားအစိုးရနှင့် ၎င်း၏ အစိုးရပိုင် ရေနံကုမ္ပဏီ Pertamina Hulu Energi တို့နှင့် ထုတ်လုပ်မှုပမာဏ ခွဲဝေမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အင်္ဂါနေ့(ဇူလိုင် ၂၅)တွင် ကြေညာခဲ့သည်။ Bunga ဓာတ်ငွေ့လုပ်ကွက်သည် သဘာဝဓာတ်ငွေ့ စည်ပေါင်း ၁.၃ ဘီလီယံ ရနိုင်မည်ဟု ခန့်မှန်းထားသည်။

     အစိုးရနှင့် သယံဇာတ ထုတ်ယူသည့်ကုမ္ပဏီများကြား ချုပ်ဆိုထားသော ထုတ်လုပ်မှုခွဲဝေခံစားရေး စာချုပ်တွင် ပါဝင်သည့်ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်ကျစရိတ်များ ပြန်လည်ရရှိပြီးနောက် အစိုးရနှင့် ကုမ္ပဏီနှစ်ခုကြား ခွဲဝေရမည့်အချိုးကို သတ်မှတ်ပေးထားသည်။ သဘောတူညီချက်အရ အင်ဒိုနီးရှားအစိုးရနှင့် ကုမ္ပဏီနှစ်ခုတို့အကြား ခွဲဝေမှုအချိုးကို ရေနံအတွက် ၆၀:၄၀ နှင့်  သဘာဝဓာတ်ငွေ့အတွက် ၅၅:၄၅ သတ်မှတ်ထားသည်။

     ကုမ္ပဏီနှစ်ခုသည် စီမံကိန်းတွင် ပါဝင်မှုအတွက် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။ လုပ်ငန်းလည်ပတ် လုပ်ကိုင်ခွင့်ကို Posco International က ရရှိသည်။ Posco International သည် ရှာဖွေတူးဖော်ခြင်းအတွက် ၆ နှစ်၊ ထုတ်လုပ်မှုအတွက် နှစ် ၃၀ ရရှိထားသည်။ Posco International သည် မြန်မာနိုင်ငံ၊ ဩစတေးလျနှင့် မလေးရှားနိုင်ငံတို့တွင် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ အကယ်၍ Bunga ဓာတ်ငွေ့လုပ်ကွက် တူးဖော်မှုအောင်မြင်ပါက Posco International သည် နောက်ထပ် သဘာဝဓာတ်ငွေ့နှင့် သဘာဝဓာတ်ငွေ့ရည်များ ပုံမှန်ရရှိသည့် ရင်းမြစ်တစ်ခု ထပ်တိုးမည်ဖြစ်သည်။

Source: koreaherald

https://www.industrialdirectory.com.mm

Category: International News