ကုလသမဂ္ဂကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံ(UNCTAD)က ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (၂၀၃၀)၏ တိုးတက်မှုများကိုစောင့်ကြည့်ပြီး နှစ်စဉ်ထုတ်ပြန် လေ့ရှိရာ ယခုနှစ်အတွက် အစီရင်ခံစာကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ကထုတ်ပြန်ခဲ့ပါသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ဆိုင်ရာ ညွှန်းကိန်းများအနက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့ပေးမှု၊ ပြည်ပကြွေးမြီ၊ သယ်ယူပို့ဆောင်ရေး၊ နည်းပညာစသည်တို့ကိုစောင့်ကြည့်ခဲ့ပြီး ပိုမိုကောင်းမွန်သော ရလဒ်များထွက်ပေါ်ရေး မည်သည့်ကဏ္ဍတွင်ထောက်ပံ့ပေးရန် လိုအပ်နေကြောင်းကို သတ်မှတ်ရှာဖွေခဲ့ကြောင်း၊ ရရှိသောအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရာတွင် ကိုဗစ်၁၉ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲနှင့် ရာသီတုအပြောင်းအလဲများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် အနှောက်အယှက်များဖြစ်ကြောင်း၊၂၀၃၀ပြည့်နှစ်၊ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကာလ ထက်ဝက်ကိုကျော်လွန်ခဲ့သော်လည်း နိုင်ငံများ၏စီးပွားရေးများမှာ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေရကြောင်း UNCTAD စာရင်းအင်း ဌာနအကြီးအကဲ Anu Peltola က ပြောကြားခဲ့ပါသည်။UNCTAD က အချက်အလက်များကို စိစစ်ရာတွင် အဓိကအချက် ၄ ခု တွေ့ရှိခဲ့ပြီး ပထမအချက်မှာ တနေ့တခြားများပြားလာသော ကြွေးမြီပြဿနာဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ ၃ နိုင်ငံတွင် ၁ နိုင်ငံသည် ဘဏ္ဍာရေး ဆိုင်ရာအခက်အခဲများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြွေးမြီပြဿနာ အများဆုံးဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း အဆိုပါနိုင်ငံများ၏ စုစုပေါင်းပြည်ပကြွေးမြီသည် ကိုဗစ် ၁၉ မဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ်ကထက် ၁၅ % ပိုမိုများပြားကာ ပမာဏအားဖြင့် နှစ်ဆမြင့်တက်ပြီး ကန်ဒေါ်လာ ၁၁.၄ ထရီ လီယံအထိရှိနေကြောင်း၊ ဝင်ငွေနည်းနိုင်ငံများက ကြွေးမြီပြန်ဆပ်ရန် စရိတ်သည်အမြင့်မားဆုံးဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများသည် ၂၀၂၂ ခုနှစ် အတွင်းအစိုးရဝင်ငွေ၏ ၁၉.၃% ကို ကြွေးမြီ ပြန်ဆပ်ခဲ့ရပြီး အဆိုပါပမာဏသည် ၂၀၁၂ခုနှစ်ကထက် ၄ ဆ ပိုများကြောင်း၊ ယင်းသို့ အများပြည်သူကြွေးမြီများပြားလာမှုသည် အစိုးရများအတွက် ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးစသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်အားနည်းစေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက်ရရှိရန် အတားအဆီးဖြစ်စေကြောင်း ဖော်ပြထားပါသည်။ ဒုတိယအချက်မှာ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းနှင့် ယင်းအပေါ်အထောက်အပံ့များ ကျဆင်းလာခြင်းဖြစ်ကြောင်း၊ စားနပ်ရိက္ခာအကျပ်အတည်း အတည်းအတွက် တစ်ဦးကျထောက်ပံ့မှု ပမာဏသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ခုနှစ် အတွင်း ၃၀ % ထိ ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံတွင် ၇ နိုင်ငံသည် စားနပ်ရိက္ခာတင်သွင်းနေရပြီး အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဖြစ်ကြောင်း၊ ကမ္ဘာ့လူဉီးရေအတွက်လိုအပ်မည့် အာဟာရစုစုပေါင်း၏ ၄၅ % ရှိကောက်နှံစပါး (cereals) မှာလည်း ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရောင်းလိုအား ကွင်းဆက်တွင် အရေးပါလာကြောင်း၊ လယ်ယာကဏ္ဍတွင် အထောက်အပံ့ပေးမှုများမှာ ၂၀၂၁ ခုနှစ်တွင် လုံးဝနီးပါးရပ်တန့်ပီဟုဆို နိုင်သော်လည်း ဈေးကွက်ကမောက်ကမဖြစ်စေမည့် မူဝါဒများမှာမူ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါနည်းလမ်းများကြောင့် နိုင်ငံတကာကုန်သွယ်မှုတွင် အားနည်းချက်များဖြစ်ပေါ်ကာ စားနပ်ရိက္ခာဖူလုံမှု မရှိကြောင်းကိုလည်း ဖော်ပြထားပါသည်။ တတိယ အချက်အနေဖြင့် ရာသီဥတုအပေါ် ကြံ့ကြံ့ခံနိုင်မှုသည် စိုးရိမ်ဖွယ်ရှိပြီး အားနည်းသောနိုင်ငံများသည် အန္တရာယ်ရှိသောအနေအထားသို့ကျရောက်နေကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု (Greenhouse Gas Emission) သည် နှစ်ပေါင်း ၂ သန်းအတွင်း စံချိန်တင်အမြင့်ဆုံးအဆင့်ကို ကျော်လွန်ခဲ့ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ဓါတ်ငွေ့ထုတ်လွှတ်မှုကို ၄၅ % ထိလျော့ချရန်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင် ၄.၂% ထိ တိုးတက်ခဲ့ပြီး ဆက်လက်တိုးတက်ရန် အလားအလာများရှိကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းများ ၃ ဆခန့်နှင့် သဘာဝဓါတ်ငွေ့ ဈေးနှုန်းများ ၉ ဆခန့်တက်ခြင်းသည် အားနည်းချက်များကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံငယ်များ (Small Island Developing States-SIDS) သည် ရာသီဥတုနှင့် ဆက်စပ်သော ဘေးအန္တရာယ်များတွင် မမျှတသောစွန့်စားရမှုများ ကြုံတွေ့နေရကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ဘေးအန္တရာယ်ဆိုင်ရာ စွန့်စားရမှုလျော့ချရေးရုံး (UN Office for Disaster Risk Reduction – UNDRR) က ၂၀၁၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ကမ္ဘာနှင့် အဝှမ်းရာသီဥတုနှင့်ဆက်စပ်သောဘေးအန္တရာယ်များသည် ၄၀ % တိုးတက်မည်ဟုခန့်မှန်းကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ်အတွင်း လျှပ်စစ်ကားရောင်းချရမှုသည် ၅၅% ထိတိုးတက်လာသောကြောင့် အရေးတကြီးလိုအပ်နေသည့် ကာဗွန်လျော့ချသော စီးပွားရေးစနစ်သို့ကူးပြောင်းခြင်းဖြစ်စဉ်တွင် အားထုတ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ အလားတူ UNCTAD မှ ထုတ်ပြန်သည့် ဇီဝဆိုင်ရာကုန်သွယ်မှု (Biotrade)၊ သမုဒ္ဒရာကုန်သွယ်မှု(Ocean Trade) နှင့် ပလတ်စတစ်ကုန်သွယ်မှု (Plastic Trade)စာရင်းဇယားအသစ်များတွင်လည်း တိုးတက်မှုများရှိကြောင်း ဖော်ပြထားပါသည်။ စတုတ္ထအချက်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကွဲပြားသောစီးပွားရေးလုပ်ငန်းအမျိုးစားများ လုပ်ကိုင်ရန်မှာစိန်ခေါ်မှုများရှိဆဲဖြစ်ပြီး ဒစ်ဂျစ်တယ် နည်းပညာများက အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စာရင်းများအရဖွံ့ဖြိုးဆဲနိုင်ငံများ၏ပို့ကုန်သည် ကုန်ကြမ်းပစ္စည်းနှင့် ကုန်စည်အနည်းငယ်သာ ဖြစ်ပြီးထုတ်လုပ်မှုပို့ကုန်(Manufacturing Export)သည် စုစုပေါင်း ပို့ကုန်၏ ၃ ပုံ ၁ ပုံခန့်သာရှိကြောင်း၊ သို့သော် အာဖရိကနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အချို့တွင်အဆင့် မြင့်နည်းပညာ ထုတ်ကုန်တင်ပို့မှုတိုးတက်လာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် ဒစ်ဂျစ်တယ်ဖြစ်လာနေသော ကမ္ဘာ့စီးပွားရေးဖြစ်စဉ်တွင်ကွဲပြားသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများစွာပေးနိုင်ကြောင်း၊ ဥပမာကမ္ဘာ့ဝန်ဆောင်မှုပို့ကုန် စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် ဒစ်ဂျစ်တယ်ဖြင့်ဆောင်ရွက်ရသော ဝန်ဆောင်မှုများဖြစ်သဖြင့် အလားအလာကောင်းများတွေ့ရှိရကြောင်း စသည်တို့ကို ဖော်ပြထားပါသည်။
Sourice: UNCTAD
https://commerce.gov.mm