Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၇၀၉၉၈၀.၈၈၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၂၆၇၅၇၄.၆၅၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ Aluminium Ingot၊ ဆန်၊ Lead Carbonate၊ ကြိမ်၊ ပြောင်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ငွေပမာဏသည် ၃၅၇၄၆၂.၈၇၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၅၂၅၁၈.၀၁၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ လယ်ထွန် စက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း များ၊ စက်နှင့်စက်ပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ သံပိုက်နှင့်မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၃၄၅၀၁၇.၄၄၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ နိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၉၂၂၅၅၇.၂၁ တင်သွင်းမှု ရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့အထိ တစ်ဖက် တရုတ်ပြည်တွင် ဆန်မာ(၅၀)ကီလို တစ်အိတ်လျှင် ၁၈၀ ယွမ်၊ ဆန်ပျော့(၅၀)ကီလိုတစ်အိတ်လျှင် ၁၆၀ ယွမ်စျေး ပေါက်လျက်ရှိပြီး၊ မြန်မာကျပ်ငွေ နှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၃ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၁.၅၄ ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News