Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ ဈေးနှုန်း ဈေးကွက်အခြေအနေ

Last Updated:

ဇူလိုင်တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်ဘက်မှ ပြောင်းဖူးစေ့များ ဝင်ရောက်လျှက် ရှိကြောင်း၊ ပြည်တွင်းတိရစ္ဆာန် အစာတောင့်စက်ရုံများမှ အနည်းငယ်ဝယ်ယူမှု ရှိနေပြီး၊ ပြည်ပဈေးကွက် တင်ပို့မှုအေး၍ ယခင်လထက် ပြောင်းဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၇၅၀၀ မှ ၅၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၇၀၀၀ မှ ၅၆၀၀၀၊ ယခင်လ ကျပ် ၆၁၅၀၀ မှ ၆၁၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၁၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက် ကျပ် ၄၀၀၀ နိမ့်ကျလာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၇၅၀၀ မှ ၅၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၇၀၀၀ မှ ၅၆၀၀၀၊ ယခင်လ ကျပ် ၆၁၅၀၀ မှ ၆၁၀၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၅၀၀ မှ ၁၀၀၊ ယခင်လထက်ကျပ် ၄၀၀၀  နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်း မှာ ယခုတစ်ပတ် ကျပ် ၅၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀ မှ ၅၆၀၀၀၊ ယခင်လ ကျပ် ၆၀၀၀၀ မှ ၅၉၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မှ ၂၀၀၀ မြင့် တက်နေပြီး ၊ ယခင်လထက်  ကျပ် ၂၀၀၀ မှ ၃၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News