Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၇-၇-၂၀၂၃ မှ ၂၁-၇-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၂၅၅၀၀၀ မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၂၄၇၀၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၃၀၈၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၁၀၀၀၀ နှင့် မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၁၀၅၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၃၀ လုံး ( တန်ချိန် ၇၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၄၅ လုံး ( တန်ချိန် ၁၀၈၀) နှင့် မတ်ပဲ SQ/RC( 2023 Crop) ကွန်တိန်နာ ၅လုံး ( တန်ချိန် ၁၂၀)ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) နှင့် မတ်ပဲ SQ/RC(2023 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) စုစုပေါင်း ကွန်တိန်နာ ၂၀လုံး (တန်ချိန် ၄၈၀) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

ငရုတ်

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး ဈေးများငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၃၁၀၀ ( ၆၂၀၀၀ ပိဿာ ) နှင့် ငရုတ်ပု အိတ်ပေါင်း ၆၀၀( ၉၀၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၂၀၀ ( ၄၄၀၀၀ ပိဿာ)  နှင့် ငရုတ်ပု အိတ်ပေါင်း ၃၅၀( ၅၂၅၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၉၀၀ (၁၈၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ် ပေါင်း ၂၅၀( ၃၇၅၀ ပိဿာ)လျော့နည်းဝင်ရောက် ခဲ့ကြောင်းသိရသည်။

မန်ကျည်း

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၃၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၄၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး အသား (သစ်) ကျပ် ၁၀၀  ဈေးကျဆင်းခဲ့ကြောင်းသိရသည်။

 ထန်းလျက်၊ ကြံသကာ နှင့် သကြား

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိ ဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၃၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၄၅၀၊ ပခုက္ကူကြမ်း ကျပ် ၃၃၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၄၀၀၊ ကြံသကာ(စစ်)ကျပ် ၂၄၅၀ နှင့်သကြား (ပြည်တွင်း)ကျပ် ၃၂၇၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၅၀ ဆေးကျဆင်းခဲ့ပြီး ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၅၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၁၀ ဈေးမြင့်တက်ခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။

SWT (Domestic (Ygn) MITC

Category: Local News