Local News

မန္တလေးကုန်စည်ဒိုင်တွင် ထောပတ်ပဲလက်ကျန်နည်း၍ ပြည်ပမှဝယ်ယူနေသောကြောင့် ဈေးနှုန်းမြင့်တက်လာ

Last Updated:

ဇူလိုင်လတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ထောပတ်ပဲများ ဆက်တိုက် တက်လာပြီး လက်ကျန်နည်း လာကာလှောင်လက်သမားများမှ ကြိုက် ဈေးမရ၍ ဈေးစောင့်နေခြင်း ရန်ကုန်ဝယ်လက်နှင့် ပြည်ပမှအဝယ်သွက် နေသောကြောင့် ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ထောပတ်ပဲ (ကြီး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၉၅၀၀၀ မှ ၃၁၀၀၀၀၊ ယခင်လ ကျပ် ၂၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ (လတ်) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၉၅၀၀၀ မှ ၃၀၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၅၀၀၀ မှ ၂၉၀၀၀၀၊ ယခင်လ ကျပ် ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ ၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ (သေး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၇၅၀၀၀၊ ယခင်လ ကျပ် ၂၅၅၀၀၀ မှ ၂၆၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News