Local News

ရန်ကုန် နှင့် မန္တလေးမြို့များတွင် ကြက်သွန်ဖြူဈေးနှုန်းများ ကျဆင်းသော်လည်း ထုတ်လုပ်ဖြန့်ဖြူးသည့် နယ်ဈေးကွက်များတွင် ကြက်သွန်ဖြူ ဈေးမကျ

Last Updated:

ကြက်သွန်ဖြူ အများဆုံးထွက်ရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းဈေးကွက်တွင်  ကြက်သွန်ဖြူများထင်သလောက် ဈေးမကျသော်လည်း ရန်ကုန်ဘုရ့နောင်ကုန်စည်ဈေးကွက်တွင် ကြက်သွန်ဖြူများ တစ်ပိဿာ လျှင် ၄၀၀ ကျပ် မှ ၂၀၀ ကျပ်အကြား ဈေးကျဆင်းနေကြောင်း ဈေးကွက်မှ စုံးစမ်းသိရှိရသည်။ ရန်ကုန်ဘုရ့နော်ကုန်စည်ဒိုင်တွင် စက်တင်ဘာလ၁၉ ရက်နေ့တွင် ကြက်သွန်ဖြူ အိတ်ပေါင်း ၈၀၀ ၊ ကုန် ချိန် ၂၄၀၀၀ ပိဿာဝင်ပြီး လူသုံးများသည့် ကြက်သွန်ဖြူ ဈေးများ ဆက်တိုက်ကျဆင်းနေသော်လည်း အောင်ပန်းဈေးကွက်တွင် ကြက်သွန်ဖြူများ ထင်သလောက် မကျဆင်းကြောင်း သတင်းရရှိသည်။ 

ရန်ကုန်ဘုရင့် နောင်ကုန်စည်ဒိုင်တွင် ကြူကုတ် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်မှ ၇၅၀၀ကျပ် ရှိပြီး၊  အိမ်သုံးများသည် ကြက်သွန်ဖြူ အောင်ပန်း ထူး ၂ မှာ တစ်ပိဿ ၇၄၀၀ ကျပ်၊ အောင်ပန်း ထူး ၃ မှာ တစ်ပိ ဿ ၈၀၀၀ ကျပ်၊ အောင်ပန်း ထူး ၄ မှာ တစ်ပိဿ ၈၂၀၀ ကျပ်၊ အောင်ပန်း ထူး ၅ မှာ ၈၆၀၀ ကျပ်တို့ဖြစ်ကြသည်။ “ရန်ကုန်မှာ တစ်ပိဿာ ၄၀၀ ကျပ်ကနေ ၂၀၀ ကျပ်အကြား ဈေးကျသွားတယ်။ အောင်ပန်းမှာတော့ မကျဘူး။ ဒီဈေးက ဒီဈေးပဲ” ဟု အောင်ပန်းကုန်စည်ရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

အောင်ပန်းမြို့ ကုန်စည်ဈေးကွက်တွင် အောင်ပန်း ထူး ၁ တစ်ပိဿာ ၇၂၀၀ ကျပ်၊ အောင်ပန်း ထူး ၂ တစ်ပိ ဿာ ၇၈၀၀ ကျပ်၊ အောင်ပန်း ထူး၃ တစ်ပိဿာ ၈၂၀၀ ကျပ်၊ အောင်ပန်း ထူး ၄ တစ်ပိဿာ ၈၅၀၀ ကျပ်၊  အောင်ပန်း ထူး ၅ တစ်ပိဿာ ၈၈၀၀ ကျပ်၊ အောင်ပန်း ထူးလွန် တစ်ပိဿာ ၉၀၀၀ ကျပ်၊ ကြူကုတ် ကြက်သွန် ဖြူ တစ်ပိဿာ ၈၅၀၀ ကျပ်ရှိသည်။ ရန်ကုန်ဈေးကွက်ပေါက်ဈေး နှင့် နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ အမျိုးအစားကိုလိုက်၍ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀ မှ ၄၀၀ အကြား ကွာဟနေခြင်းဖြစ်သည်။ 

ဈေးကွက်အတွင်းအဝယ်လိုက်သည့် ယင်းကြက်သွန်ဖြူအမျိုးအစားများ ဈေးမကျသော်လည်း အောင်ပန်း ထူး ၁ မှာ ယခင်ကထက်စာရင် ဈေးကျဆင်းလာကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဈေးကွက်မှ သတင်းရရှိသည်။ “ထူး ၁ ကတော့ အခု တစ်ပိဿာကို ၆၆၀၀ ပဲရှိတော့တာ ရှေ့တစ်ပတ်က ၇၀၀၀ ကျပ်ရှိတယ်။ တစ်ဖြည်းဖြည်း ဈေးကျလာတာ အခု ၆၆၀၀ ကျပ်ပဲရှိတယ်။ ထူး ၁ နဲ့ ထူး ၂ ကတော့ ရှမ်းပြည်မှာဈေးကျတယ်။ ကျန်တဲ့ အမျိုးအစားကတော့ ဒီအတိုင်းပဲ ဈေးမကျဘူး။ ကြက်သွန်ဖြူကတော့ ဈေးထပ်ကျဖို့ ရှိပါတယ်။ အသစ်ပေါ် လာရင် ဒီထက်ကျအုန်းမှာပါ” ဟု တောင်ကြီးမြို့အခြေစိုက် ရာသီစာပွဲရုံမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

တောင်ကြီးမြို့ ကြက်သွန်ဖြူ ဈေးကွက်တွင် အောင်ပန်း ထူး ၁ မှ တစ်ပိဿာ ၈၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး တစ်လအတွင်း ဈေးတစ်ဖြည်းဖြည်း ကျဆင်းလာရာ အခုအခါ တစ်ပိဿာ ၆၆၀၀ ကျပ်သာရှိတော့ကြောင်း၊ တစ်လအတွင်း တစ်ပိဿာ ၆၀၀ ကျပ်မှ ၁၀၀၀ကျပ်အကြား ဈေးကျဆင်းလာခြင်းဖြစ်ကြောင်း ရာသီစာပွဲမှတာ ဝန်ရှိသူတစ်ဦးကပြောသည်။ လူသုံးများသည့် အောင်ပန်း ထူး ၃ မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ၊ အောင်ပန်း ထူး ၄ မှာ ၈၅၀၀ ကျပ် ၊ အောင်ပန်း ထူး ၅ မှာ ၉၀၀၀ ကျပ် ရှိသည်။ တောင်ကြီးဈေးကွက်တွင် ယင်းဈေးနှုန်းအတိုင်း လှုပ်ခတ်မှုမရှိဘဲ ဈေးငြိမ်နေသည့်မှာနှစ်လလောက်ရှိပြီးဖြစ်သည်ဟုတောင်ကြီးကြက်သွန်ဖြူကုန်သည်များထံမှသတင်းရရှိသည်။ 

အောင်ပန်း ထူး ၁ နှင့် အောင်ပန်း ထူး ၂ ကို ရခိုင်ပြည်နယ် စစ်တွေ နှင့် ကြက်သွန်ဖြူကြော်ဖိုများက အဝယ် များကြပြီး ဝယ်ယူသူ အနည်းအများပေါ်လိုက်၍ ဈေးလှုပ်ခတ်မှုရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် အောင်ပန်းဈေးကွက်တွင် တရုတ်နယ်စပ်မှ တစ်ဆင့်တင်သွင်းလာသော ကြူကုတ်ကြက်သွန်ဖြူများမှာ တစ်ပိဿာ ၈၅၀၀ ကျပ်ရှိပြီး ရန်ကုန်ဈေးကွက်နှင့်နှိုင်းယှဉ်ပါက ၁၀၀၀ ကျပ်ကွာဟလျှင်ရှိသည်။ 

မန္တလေးမြို့ ကြက်သွန်ဖြူ ဈေးကွက်တွင်  ကြူကုတ် ကြက်သွန်ဖြူ နှင့် ရှမ်းပြည်နယ် ဒေသထွက် အောင်ပန်း ထူး ၁ ၊ အောင်ပန်း ထူး ၅ သာ လူသုံးများကြပြီး ဈေးနှုန်းမှာ တစ်ပတ်အတွင်း ၂၀၀ ကျပ်မှ ၃၀၀ကျပ်ကျဆင်း လာကြောင်း သိရှိရသည်။ “ဈေးကျတာတော့ တစ်ပတ်လောက်ရှိပြီး ဒီမှာက ရှမ်းပြည်နယ်ထွက်နဲ့ ကြူကုတ်ကိုသုံးကြတယ်။ ရှမ်းပြည်နယ်ထွက်ကတော့ နှစ်ရာ ၊ သုံးရာ လောက်ဈေးကျလာတယ်။ လက်က္ကားဈေးမှာ ကျတာနော်။ လက်လီဈေးမှာ တော့ မကျဘူး”ဟု မန္တလေးမြို့တွင် ကြက်သွန်ဖြူရောင်းချနေသည့် မဖြူနှင်းဝေကပြောသည်။ 

မန္တလေးမြို့ ကြက်သွန်ဖြူ ဈေးကွက်တွင် တရုတ်မှ တင်သွင်းသည့် ကြူကုတ် ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၇၂၀၀ ကျပ်မှ ၇၄၀၀ ကျပ် ၊ အောင်ပန်း ထူး ၁ မှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ် ၊ အောင်ပန်း ထူး ၄မှာ တစ်ပိ ဿာလျှင် ၈၇၀၀ ကျပ် ရှိသည်။ ရန်ကုန်မြို့ ၊ မန္တလေးမြို့လက္ကားဈေးကွက် ရှမ်းပြည်နယ် ဒေသထွက် ကြက်သွန်ဖြူ ဈေးနှုန်းများနှင့် တရုတ်မှ တင်သွင်းသည့် ကြူကုတ် ကြက်သွန်ဖြူ ဈေးနှုန်းများ ၂၀၀ ကျပ်မှ ၁၀၀၀ ကျပ်အကြား ကျဆင်းနေသော်လည်း ယင်းမြို့ကြီးများရှိ လက်လီဈေးကွက်တွင်တစ်ပိဿာလျှင်၉၀၀၀ ကျပ်မှ၁၂၅၀၀ ကျပ်အကြားရှိကြောင်းဈေးကွက် မှစုံးစမ်းသိရှိရသည်။ 

ကြက်သွန်ဖြူကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်‌‌းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးသော်လည်း ကြက်သွန်ဖြူ အများဆုံးစိုက်ပျိုးထုတ်လုပ်သည့်ဒေသမှာ ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်ပြီး တစ်နှစ်လျှင်ကြက်သွန်ဖြူ စိုက်ဧကပေါင်း ၁၆၄၂ ဧက  စိုက်ပျိုးကြောင်း သိရှိရသည်။ 

Source: Awba

Category: Local News