International News

တရုတ်နိုင်ငံ၏ လျင်မြန်စွာ ကြီးထွားနေသော အသင့်ချက်စားသောက်ကုန်စျေးကွက် အတွက် အမျိုးသားစံနှုန်းများကို ပထမဆုံးအကြိမ် သတ်မှတ်

Last Updated:

တရုတ်နိုင်ငံသည် အလျင်အမြန် တိုးတက်လာသော အစားအစာကဏ္ဍကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းညှိရန်ခြေလှမ်းတစ်ရပ်အဖြစ် အသင့်ချက်စားသောက်ကုန်များအတွက် ပထမဆုံးအကြိမ် အမျိုးသားစံနှုန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း Xinhua News Agency က သတင်းထုတ်ပြန်ခဲ့သည်။

အသင့်ချက်အစားအစာများဆိုသည်မှာ အပူပေးရုံ (သို့မဟုတ်) အနည်းငယ်သာ ပြင်ဆင်ချက်ပြုတ်ရုံဖြင့် စားသောက်နိုင်သော တစ်ယောက်စာ အစားအစာများဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်များနှင့် ကြိုတင်ချက်ပြုတ်ထားသော ပါဝင်ပစ္စည်းတစ်မျိုးထက်မနည်း အသုံးပြုထားနိုင်ပါသည်။ စည်းမျဉ်း မူကြမ်းအရ အသင့်ချက်စားသောက်ကုန်များတွင် တာရှည်ခံဆေးများ မသုံးစွဲရန် တားမြစ်ထားပြီး၊ ဟင်းခတ်မှုန့်အထုပ်အား သီးသန့်ဖြင့်ဖြစ်စေ၊ ရောနှော၍ဖြစ်စေ ရောင်းချနိုင်ပါသည်။ သို့သော် အသင့်ချက်စားသောက်ကုန်တွင် အေးခဲထားသောဖက်ထုပ်၊ ကောက်ညှင်းထုပ်၊ ပေါက်စီနှင့် ဟင်းသီးဟင်းရွက်များ မပါဝင်ပါ။ အသင့်ချက်စားသောက်ကုန်သက်တမ်းကို ၁၂ လ ကန့်သတ်ထား ပြီး စားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုနည်းလမ်းများကို ဖော်ပြထားရမည်ဖြစ်ပါသည်။

ပြီးခဲ့သော နှစ်များအတွင်း အသင့်ချက်စားသောက်ကုန်ကဏ္ဍသည် လျင်မြန်စွာ တိုးတက်လာကာ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ ၈,၀၀၀ ခန့်မှ ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီ ၇၀,၀၀၀ နီးပါးအထိ ဖြစ်လာပြီး၊ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၂.၁ ဘီလီယံကျော်ရှိလာခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်ရိုးရာဟင်းလျာ ၁၈,၀၀၀ ခန့် အနက် ၁,၀၀၀ ကျော်ကို အသင့်ချက်ပုံစံဖြင့် ရရှိနိုင်ပြီး မြို့ပြလူနေမှုဘဝ တိုးတက်လာသည်နှင့်အမျှ ဟင်းအမယ်များလည်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ နိုင်ငံတကာမှ အသင့်ချက်စားသောက်ကုန်တင်သွင်းသူများ အတွက်လည်း အခွင့်အလမ်းများရှိပြီး ရုရှားကော်ဒ်ငါး (cod) အပါအဝင် ပင်လယ်စာသွင်းကုန်များ၊ ပဲပုပ် (soybean)၊ တို့ဖူးတို့ဖြင့်  အသင့်ချက်စားသောက်ကုန်များကို တိုးချဲ့ထုတ်လုပ်နေကြောင်း Xinhua News Agency က ဖော်ပြထားပါသည်။

Source:     https:// Xinhua.com/en/news/

Source:    https://commerce.gov.mm/

Category: International News