Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၀-၂-၂၀၂၄)မှ (၂၄-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၅၆၃.၅၀၀)တန်၊ တန်ဖိုး(၀.၃၃၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၃၆၄.၅၀၀) တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ သခွားမွှေး(၂၃၉.၀၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာ သန်း၊ မြေထောက်ပဲ (၂၂၆.၀၀၀)တန်၊ တန်ဖိုး (၀.၂၆၈) ဒေါ်လာသန်း၊ ဖရဲသီး (၃၂၂၂.၀၀၀)တန်၊ တန်ဖိုး (၀.၄၆၁) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၃၂.၀၀၀)တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ ကြံ(၁၁၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၃၆၀.၀၀၀)တန်၊ တန်ဖိုး (၁.၂၁၅) ဒေါ်လာသန်း၊ ပဲယင်းဝါ (၃၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ပဲနို့+ကော်ဖီမစ် (၄.၉၂၀) တန်၊ (၁၅၃၇၅) လီတာ၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ကော်ဖီမစ်(၁၆.၇၀၀)တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်း တစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင်(၄၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန် လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၁၀၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၉)ဒေါ်လာသန်း၊ ဂျပ်ဖာ (၁၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ(၆၈၃.၂၅၀)တန်၊ (၂၀၈၃၄၂)U၊ (၃၇၁၀၀) PAIR၊ တန်ဖိုး (၀.၈၂၃)ဒေါ်လာသန်း၊ ဖော့(၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ချည်(၁၄.၀၀၀) တန်၊ တန်ဖိုး(၀.၀၀၉) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၁၁၂၅၀၀)U၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကော်ဇောအခင်း(၁၇.၀၀၀)တန်၊ (၈၀၀၀)PAIR၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကြက်အူချောင်း (၂၃.၅၂၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၉-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ် လျှင်(၄၇၅) ကျပ်ဖြစ်ခဲ့ပြီး ၂၄-၂-၂၀၂၄ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၇၅)ကျပ်ဖြစ်၍ ယွမ်ဈေး တည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News