Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှ (၂၄)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၂၄) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၂၃.၃၇၇) ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၂၄)ဒေါ်လာသန်း၊ စုစုပေါင်း(၁၈.၉၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၁၂၃.၉၀၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖေဖော်ဝါရီလ(၂၄) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ Petrified Wood၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်မှဖေဖော်ဝါရီလ(၂၄) ရက်နေ့ထိကုန်ပစ္စည်း အမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်မှ (၂၄) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၅၅၀) တန်၊ တန်ဖိုး (၅.၃၈၉) ဒေါ်လာ သန်း၊ Petrified Woodတင်ပို့မှုအနေဖြင့် တန်ချိန် (၈) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၇၉၄.၅) တန်၊ တန်ဖိုး (၀.၂၄၇) ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှုအနေဖြင့် တန်ချိန် (၅၃၅) တန်၊ တန်ဖိုး(၀.၂၂၇)ဒေါ်လာသန်းနှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၇၁) တန်၊ တန်ဖိုး (၀.၁၃၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၇၁.၉၄) တန်၊ တန်ဖိုး (၀.၀၇၄) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၈၇.၇၅) တန်၊ တန်ဖိုး (၀.၂၀၂) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၅၈) တန်၊ တန်ဖိုး (၀.၀၉၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News