Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများဆောင်ရွက်လျက်ရှိရာ ၁၉-၉-၂၀၂၃ ရက်နေ့မှ ၂၂-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ဂုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း (Frozen) ၊ ဂဏန်းနှင့် CMP ပစ္စည်းများဖြစ်ပြီး ဂေါ်ဖီ၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)နှင့် ကော်ဖီစေ့တို့ကိုလည်း တင်ပို့ခဲ့သည်။ 

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်းနှင့် ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

၁၉-၉-၂၀၂၃ ရက်နေ့မှ ၂၂-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပြီး တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊အလှကုန်ပစ္စည်း၊ ဆေးဝါးများ၊ ဆေးဖက်ဆိုင်ရာ သုံးပစ္စည်းကိရိယာများ၊ ဖိနပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့သည်။

ငွေစျေးနှုန်း အနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် (၉၄.၇၈) ကျပ် ဖြစ်ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News