Local News

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်၊ လအလိုက် ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်း ပဲမျိုးစုံ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲတစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၆၈၈၀၀၀ ကျပ် ရှိရာမှ စက်တင်ဘာလတွင် ၂၆၃၄၀၀၀ ကျပ်သို့ ငွေကျပ် ကိုးသိန်းလေးသောင်းခြောက်ထောင် (၉၄၆၀၀၀)ကျပ် သို့လည်းကောင်း၊ ပဲတီစိမ်း တစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၃၂၈၉၀၀ ကျပ်ရှိရာမှ ဩဂုတ်လတွင် ၂၂၉၆၅၀၀ ကျပ်သို့ ငွေကျပ် ကိုးသိန်းခွဲကျော် (၉၆၇၆၀၀) ကျပ်သို့ လည်းကောင်း၊ ပဲစင်းငုံ တစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၈၂၀၀၀၀ ကျပ်ရှိရာမှ စက်တင်ဘာလတွင် ၄၀၅၀၀၀၀ ကျပ်သို့ ငွေကျပ်တစ်ဆယ့်ရှစ်သိန်း နှစ်သောင်း (၁၈၂၀၀၀၀) ကျပ် သို့လည်းကောင်း၊ ကုလားပဲအနေဖြင့် မတ်လတွင် ၂၁၄၃၄၀၀ ကျပ်မှ စက်တင်ဘာလတွင် ၂၈၉၀၅၀၀ကျပ်သို့ ငွေကျပ် ခုနစ်သိန်းလေးသောင်းကျော် (၇၄၇၁၀၀)ကျပ်သို့ လည်း ကောင်း အသီးသီးဈေးမြင့်တက်သွားသည်ကို တွေ့ရှိရပါသည်။

တောင်သူများအနေဖြင့် ပဲမျိုးစုံများအနက် ပဲစင်းငုံမှာ ဈေးကောင်းရရှိနေသဖြင့် အရိပ်ရ လေကာပင်အဖြစ်မှ ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ဇစ်မြစ်။    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၂-၉-၂၀၂၃ရက်နေ့တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။

Source: (Domestic YGN TC)

Category: Local News