Local News

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်၊ လအလိုက် ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်းစားဖိုဆောင်သုံးသီးနှံများ၏ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ ကြက်သွန် နီ(ဆိပ်ဖြူ) တစ်ပိဿာဈေးနှုန်းမှာ မတ်လတွင် ၁၂၂၅ကျပ် ‌ရှိရာမှ စက်တင်ဘာလတွင် ၃၀၀၀ ကျပ်သို့ ငွေကျပ် တစ်ထောင်ခုနစ်ရာကျော်(၁၇၇၅)ကျပ် သို့ လည်းကောင်း၊ ကြက်သွန်နီ (မုံရွာ) တစ်ပိဿာဈေးနှုန်းမှာ မတ်လတွင် ၁၁၀၀ ကျပ် ရှိရာမှ စက်တင်ဘာလတွင် ၃၀၀၀ ကျပ်သို့ ငွေကျပ် တစ်ထောင့်ကိုးရာ(၁၉၀၀)ကျပ်သို့ လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ဈေးနှုန်းမှာ ဖေဖော်ဝါရီလတွင် ၃၆၅၀ကျပ် ‌ရှိရာမှ စက်တင်ဘာလတွင် ၇၅၀၀ ကျပ်သို့ ငွေကျပ် သုံးထောင့် ရှစ်ရာကျော် (၃၈၅၀)ကျပ် သို့ လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ ဈေးနှုန်းမှာ ဧပြီလတွင် ၃၃၀၀ကျပ် ‌ရှိရာမှ စက်တင်ဘာလတွင် ၈၆၀၀ ကျပ်သို့ ငွေကျပ် ငါးထောင့်သုံးရာ (၅၃၀၀)ကျပ်သို့ လည်းကောင်း၊ ငရုပ်သီးပု(ဆင်ဖြူကျွန်း) တစ်ပိဿာဈေးနှုန်းမှာ ဧပြီလတွင် ၈၅၀၀ ကျပ် ‌ရှိရာမှ စက်တင်ဘာလတွင် ၁၆၀၀၀ ကျပ်သို့ ငွေကျပ် ခုနစ်ထောင့်ငါးရာ (၇၅၀၀)ကျပ်သို့ လည်းကောင်း၊ ငရုပ်သီးရှည်(ပန်းရဲ) တစ်ပိဿာဈေးနှုန်းမှာ ဧပြီလတွင် ၄၂၀၀ ကျပ် ‌ရှိရာမှ စက်တင်ဘာလတွင် ၁၁၀၀၀ ကျပ်သို့ ငွေကျပ် ခြောက်ထောင့်ရှစ်ရာ (၆၈၀၀)ကျပ်သို့ လည်းကောင်း အသီးသီးဈေးမြင့်တက်သွားသည်ကို တွေ့ရှိရပါသည်။

ဇစ်မြစ်။   ဘုရင့်နောင်ကုန်စည်ဒိုင်တွင်၂၂-၉-၂၀၂၃ရက်နေ့တွင်ဖြစ်ပေါ်နေသည့် စားဖိုဆောင်သုံးသီး နှံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။

Source: Domestic YGN TC

Category: Local News