Local News

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်၊ လအလိုက် ပဲမျိုးစုံ ပြည်တွင်း (FOB) တစ်တန်ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်း (FOB) ပဲမျိုးစုံနှင့်ပြောင်း ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲ (FAQ) တစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၇၃၀ ‌ရှိရာမှ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၉၇၅ သို့ အမေရိကန်ဒေါ်လာ(၂၄၅) သို့ လည်းကောင်း၊ ပဲတီစိမ်း (FAQ) တစ်တန်ဈေးနှုန်းမှာ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၇၂၀ ရှိရာမှ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၇၅၀ သို့ အမေရိကန်ဒေါ်လာ (၃၀) သို့လည်းကောင်း၊ ပဲစင်းငုံနီ တစ်တန် ဈေးနှုန်းမှာ  ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၇၈၅ ရှိရာမှ စက်တင်ဘာလတွင် အမေရိကန် ဒေါ်လာ ၁၃၁၀ သို့ အမေရိကန်ဒေါ်လာ (၅၂၅)  သို့လည်းကောင်း၊ ကုလားပဲဖြူလုံးကြီး (FAQ) အနေဖြင့် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၇၈၀ မှ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၁၀၀ သို့ အမေရိကန်ဒေါ်လာ (၃၂၀)သို့ လည်းကောင်း ၊ ပဲလွန်းဖြူ (FAQ) အနေဖြင့် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၆၁၅ မှ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၆၆၀ သို့ အမေရိကန်ဒေါ်လာ (၄၅)သို့ လည်းကောင်း၊ အသီးသီး ဈေးမြင့်တက် သွားသည်ကို တွေ့ရှိရပါသည်။

ဇစ်မြစ်။    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၂-၉-၂၀၂၃ရက်နေ့တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ပြည်တွင်း (FOB) တစ်တန်ဈေးနှုန်းများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ် ထားခြင်း ဖြစ်ပါသည်။

Source: Domestic YGN TC

Category: Local News