Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဒီဇင်ဘာလ တတိယအပတ်အတွင်း  မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညို၊ နှမ်းဝါဈေးနှုန်းများငြိမ်နေပြီး မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်း သိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်း လျှင် (၉၄၀၀၀ - ၁၀၇၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၈၀၀၀ - ၁၁၆၀၀၀) ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်း လျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၂၀၀၀-၁၀၈၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်း လျှင် (၉၈၀၀၀ -၁၁၆၀၀၀) ကျပ်ရှိ၍ ယခင်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေ ကြောင်း သိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၂၀၀-၆၅၀၀) ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၈၅၀) ကျပ်ရှိပြီး ယခင်ပတ်ကာလ တူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၆၅၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဖြူမှာ ဈေးအနည်းငယ်မြှင့်တက် နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ  (၁၂၀၀၀) ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၄၂၀ကျပ်၊ နှမ်းဖတ် တစ်ပိ ဿာ ၂၃၂၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

 

 

Category: Local News