Local News

အပတ်စဉ်(၂) ပညာဒါန သက်မွေးပညာသင်တန်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၁၈)တွင် စတင်ဖွင့်လှစ်

Last Updated:

မွန်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ လက်လှမ်းမမှီသော အမျိုးသမီး/ အမျိုးသားများအား လုပ်ငန်းကျွမ်းကျင်ပြီး ဝင်ငွေပိုမိုတိုးပွားလာစေရန်၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းဖြင့် သက်မွေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် အခမဲ့ ပညာဒါနသက်မွေးပညာသင်တန်းအား မော်လမြိုင်မြို့တွင် မေယုသံလွင် Co.,Ltd. မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိကြောင်း သိရှိရသည်။

အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ အဲယားကွန်းနှင့် ရေခဲသေတ္တာပြုပြင်ထိန်း သိမ်းခြင်းသင်တန်း၊ အသေးစား အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဟူ၍ သင်တန်းအမျိုး အစား (၃)မျိုး ပါဝင်ပြီး သင်တန်းတစ်မျိုးလျှင် သင်တန်းသူ/ သင်တန်းသား(၂၅)ဦးနှင့် သင်တန်း ကာလ (၁၂) ပတ်(စာတွေ့ ၂၀% ၊ လက်တွေ့ ၈၀%)  သက်မှတ်ထားရှိကြောင်း၊ သင်တန်းပြီးဆုံး ပါက သင်တန်းဆင်းအောင်လက်မှတ်နှင့် လုပ်ငန်းခွင်ဝင်ရောက်ရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အဓိကသော့ချက်ဖြစ်သော သက်မွေးပညာကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ရန်အတွက် မေယုသံလွင် Co.,Ltd. မှ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၁) မှ ဒီဇင်ဘာလ (၁) ရက်နေ့ထိ သင်တန်းအပတ်စဉ်(၁)အား ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး၊ အပတ်စဉ်(၂) ပညာဒါန သက်မွေးပညာသင်တန်းအား ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News